မနက်ခင်းနေရောင်ခြည်က လွတ်လပ်စွာ အဖြူရောင်ပါဝါစကြားမှ အခန်းတစ်ခုထဲ နှစ်ခြိုက်စွာအိပ်စက်နေသည့် ကောင်လေးအပေါ်သို့ အကြောက်အလန့်မရှိ ဖြာကျနေသည်။ မူပိုင်ရှင်သာသိရင် ဇီဝိန်ချုပ်ရမဲ့ဖြစ်ခြင်း။
ပိုင်ဆိုင်မူကိုနေရောင်က ထိပါးလာသဖြင့် သက်ဆိုင်သူက ရုတ်ချည်းဆိုသလို မျက်ခွံလေးတွေကို ဖွင့်ခွာကာ ထိုနေရောင်ကို အရင်းပြုသည့် နေမင်းအား မကျေမခြမ်းကြည့်မိသည်။ ထိုနောက် ဆွဲပိတ်ခံလိုက်ရသည့် အဖြူရောင်ပဝါစ။
မနက်ခင်းအလှနှင့်ယှဥ်ပြိုင်ကာ လှရက်လွန်းလှတဲ့ ဝမ်က ကုတင်ဖြူထက်မှာ အပြစ်ကင်းစင်စွာ အိပ်စက်နေလေသည်။
မနက်ခင်းကို ဝမ်နဲ့အတူရှိနေခြင်းက သူ့အတွက် မည်သည်နဲ့မျှ မတူသည့် မြတ်နိုးခြင်းတစ်မျိုး၊ ထို အပူအပင်ကင်းစွာ အိပ်စက်နေသည့် ဝမ် က သူ့ရဲ့ သက်ဆိုင်သူဆိုတာ သိရတဲ့အတွက် ကြည်နူးခြင်းတစ်ဖုံ။တစ်မနက်ခင်းထဲမှာဘဲ မျိုးစုံကြိုးခုန် ကဆုန်ပေါက်နေတဲ့ သူရင်ဘတ်အတွင်းနှလုံးသားတစ်စုံနှင့်အရောင်အသွေးစုံလင်တဲ့ခံစားမူ၊ ကြည်နူးမူ ၊ မြတ်နိုးမူ ၊ နောက်ဆုံးတော့ အချစ်ပိုမူ။
ဘေးတစ်စောင်းအိပ်နှင့်တဲ့ဝမ်က စုထွက်နေတဲ့ ပါးလုံးနီလေးနဲ့အတူ နူတ်ခမ်းအစုံက စုထော်နေသည်။ ရွှေရောင်ဆံနွယ်လေးက တစ်မျိုးတစ်ဖုံ။ ခေါင်းအုံးဖြူစွတ်ပေါ် စီးကျနေသည့် သွားရည်ကြည်တန်းလေး။
မနာလိုလိုက်တာ...။
အိပ်စက်နေတဲ့ ဝမ် အနား ခြေသံလုံနှင့်သွားကာ လွတ်နေတဲ့ကုတင်တစ်ဖက်ပေါ် ညင်သာစွာ ထိုင်လိုက်ပြီး ခေါင်းလုံးလေးကို အသာဆွဲယူ ကိုယ်လုံးအိအိလေးကို အယာထွေးပွေ့လို့ ဝမ်ကောင်လေးကို သူ့ရင်ခွင်ထဲ အိပ်စက်စေသည်။
သွားရည်ကြည်လေးကျနေသည့်ခေါင်းအုံဖြူကိုမနာလိုခြင်းက ရှောင်ကျန့်ရဲ့ ဝန်တိုမူတွေထဲကတစ်ခု။ ဝမ်ရဲ့ ဖြစ်တည်မူတိုင်းကို ရှောင်ကျန့်ကသာ သက်ဆိုင်ချင်တာ အပြစ်တော့မဟုတ်ချေ။ အလွန်းအမင်းချစ်မိသွားတာကိုး။
ဝမ်ရဲ့သွားရည်ကြည်က ရှောင်ကျန့်ရဲ့ shirt ဖြူလေးမှာ ကွက်သွားတာဘဲ လိုချင်တာ။