::23::

1.5K 145 14
                                    

တိတ်ဆိတ်နေတဲ့ရပ်ဝန်းထဲ မည်သူတစ်ဦးတစ်ယောက်မှမရှိတဲ့ နေဝင်ရီတရော မြစ်ကမ်းနားကသစ်ပင်ရိပ်အောက်ဝယ် ။

အချစ်ကံခေတဲ့သူတွေက စွန့်ပစ်ခံရမူများလာရင် အချစ်ကိုကြောက်ရွံလာတတ်သည်။ ချစ်မိပြီဆိုရင်လည်း ထားသွားမှာကြောက်တဲ့စိတ်ကြောင့် အရူးတစ်ပိုင်း။

*ကိုယ်လက်ထပ်တော့မယ်*

ထိုစကားကြောင့်မယုံကြည်နိုင်ခြင်းများစွာနှင့် သူမအရှေ့က ချစ်ရသူကိုကြည့်နေမိသည်။ ငယ်ရွယ်တဲ့အချိန် တက်လက်စအချစ်ပန်းခတ်လေးတွေက သစ်ရွက်လူပ်ရင်တောင်ရင်ခုန်တတ်ပြီး အချစ်အတွက်မိုက်ရူးရဲဆန်တဲ့ ဆယ်ကျော်သက်အရွယ်သူမက အချစ်ကြီးသလို ပိုင်ဆိုင်လိုစိတ်ပြင်းပြလှသည်။

*အကို...ဒါဆို...ကျွန်မကရော*

သူမ မချိမဆန့်ရင်ထဲခံစားနေရသလို နှလုံးသားတစ်ခုလုံးကွဲကြေမတတ်။ သူမအမေးကို တုန့်ပြန်မူမရှိဘဲ မျက်စိရှေ့သို့ရောက်ရှိလာသည့် ပန်းရနံ့သင်းပိတ်အိတ်လေး။

*တောင်းပန်ပါတယ်...*

ထိုစကားတစ်ခွန်းသာ​ပြောပြီးသူမကိုထားခဲ့ရက်တဲ့ချစ်ရသူကိုအင်မတန်မုန်းမိသည်။ ပန်းရောင်ပိတ်စာအိတ်ကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့..ထွက်သွားသူရဲ့ကျောပြင်ကိုသာနာနာကျည်းကျည်းကြည့်မိ၍ မျက်ဝန်းထဲကမျက်ရည်များက ပါးပေါ်သို့လျှံကျလာသည်။

သူမဒဏ်ရာကိုအချိန်က ကုစားသွားမည်ဟုထင်ခဲ့သော်လည်းအမှန်တကယ်ထိုသူကိုမမေ့နိုင်ခဲ့။ ထိူသူကတော့တစ်အိုးတစ်အိမ်ထူထောင်က ပျော်ရွှင်​ေနလောက်သည်။ သူမသာပူလောင်နေပြီး အမုန်းမီးတွေတောက်လောင်နေရသည်။

အချိန်တစ်ခုကြာ မိဘတွေက သူမကိုသင့်တော်ရာနဲ့နေရာချပေးရန်စီစဥ်ကြသည်။ ထိုသူကလဲ ဝမ်မင်

*မင်းဖြစ်ချင်တာဖြစ်ခွင့်ပေးမယ်...ကိုယ့်ကိုလက်ထပ်ပါ...ရူမေ*

ဝမ်မင်ရဲ့ထိုစကားတစ်ခွန်းနဲ့တင်သူမကျေနပ်ကာ လက်ထပ်ရန် လက်ခံခဲ့သည်။ သူမရင်ထဲအမုန်းမီးကတော့ကြီးထွားပြီးရင်းကြီးထွားနေသည်။
သူမနဲ့ဝမ်မင် လက်ထပ်ပွဲကိုသူမရဲ့ချစ်ရသူက သူရဲ့ဇနီးနဲ့အတူတတ်ရောက်လာပြီး ထိုမိန်းမရဲ့လက်ထဲလသားအရွယ် ကလေးလေးကိုပါ ပိုက်ထားလေသည်။

WANGWhere stories live. Discover now