အပိုင်း - ၁

2.5K 123 22
                                    

ဂိုဂူလျောတိုင်းပြည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဂိုဂူလျောတိုင်းပြည်...။

နေရာတစ်ချို့မှာ အစာရေဆာငတ်ပြတ်နေကျတယ်..နေရာတစ်ချို့မှာလုယက်နေကျတယ်။

ပြည်သူတွေရဲ့ မလုံခြုံမှုတွေ
ခံစားနေရတာ ၇လကျော်နေပြီဖြစ်သည်။သူတို့ကိုအုပ်ချုပ်ဖို့ ဘုရင်မင်းမြတ်မရှိဘူး...ဘာလို့လဲ။

တိုင်းပြည်တစ်ခုနဲ့တစ်ခု အလိုလောဘများစွာနဲ့တိုက်ခိုက်နေကျတယ်..တစ်နည်းအားဖြင့်စစ်ဖြစ်နေကျတယ်။သူတို့တိုင်းပြည်ရဲ့ ဘုရင်မင်းမြတ်ဟာဖြင့် စစ်ပွဲအတွင်းနတ်ရွာစံသွားလေပြီဖြစ်သည်။ဘုရင်မင်းမြတ်နတ်ရွာစံသွားချိန်မှစ၍ တစ်လ အဆင်ပြေနေသေးတယ်..နှစ်လမဆိုးသေးဘူး။သုံးလ တိုင်းပြည်ကမငြိမ်မသက်ဖြစ်လာပြီ...လေးလထိန်းချုပ်လို့မရတော့ဘူး။ကြီးနိုင်ငယ်ညှင်းအယူဝါဒတွေ ပေါများလာတယ်။ပြည်သူအချင်းချင်း အမြတ်ထုတ်လာကျတယ်..မြို့ပျက်ကြီး ခေတ်ပျက်ကြီးထဲရောက်နေသည့် သူတို့တိုင်းပြည်။

" အဆင်သင့်ဖြစ်ပြီလား ညီတော် "

" အဆင်သင့်ပါပဲ အကိုတော် "

တိုင်းပြည်တစ်ပြည်မှာ အုပ်ချုပ်မှုယန္တရားကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့ ဘုရင်မင်းမြတ်ဆိုတာရှိနေသင့်တယ်..ဒါကိုလူတိုင်းသိတယ်။ဒါဆို ဘာလို့..ဘုရင်အသစ်ကိုထီးနန်းမမြောက်သေးတာလဲ...

နတ်ရွာစံတော်မူသွားသော ဘုရင်မင်းမြတ်သည် သားတော်နှစ်ယောက်ဖွားမြင်ခဲ့သည်။သားတော်အကြီးလေးမှာ စာပေကိုသာချစ်မြတ်နိုးပြီး နှလုံးရောဂါခံစားနေရသော အိမ်ရှေ့စံမင်းသား ပတ်ဝူယောင်း။

သားတော်အငယ်လေးမှာ မယ်တော်မွေးဖွားလာတဲ့ပထမဆုံးရက်မှာပဲ အမည်မသိပျောက်ဆုံးသွားခဲ့သည်။
ဘာလို့လဲ...မင်းသားတစ်ပါးဖွားမြင်လာရင် ရှေ့ဖြစ်ဟောနတ်ဆရာမတွေရဲ့ဟောကြားချက်ကို နာယူရသည်။

အရှင် ... 🔱 🔥 { Completed }Where stories live. Discover now