သူနိုးလာသည့်အချိန်မှာ..
သူ့ကိုပွေ့ဖက်ကာထားသည့် အရှင့်လက်မောင်းတင်းကျပ်မှုတွေကိုအရင်ခံစားရသည်။သူ အိမ်မက်မက်နေခဲ့တာမဟုတ်ဘူးပဲ..သူဖြေးဖြေးချင်းအရှင့်လက်မောင်းကိုတွန်းကာဖယ်လို့ ဖြေးဖြေးချင်းထထိုင်မိသည်။အရှင့်ကိုကြည့်လိုက်သည့်အခါ..အိပ်စက်နေတုန်းပင်..နှစ်ယောက်သားကိုယ်လုံးတီးတွေဖြစ်နေပြီး နှစ်ယောက်လုံးချွေးစီးတွေနဲ့ ယောကျ်ားဟောမုန်းနံ့တွေက နှာခေါင်းထဲအလုအယက်တိုးဝင်လို့နေသည်။ကုတင်မှ နည်းနည်းထကြွလိုက်သည်နှင့် တင်ပါးနဲ့ ခါး ပြီးတော့ အနောက်ရပ်ဝန်းကသေမတတ်နာကျင်မိသည်။စို့တက်လာသည့် မျက်ရည်စတွေကို ခပ်မြန်မြန်သုတ်လိုက်ရင်း စိတ်အားတင်းမိသည်။ငါဘယ်သူမို့လို့လဲ အိမ်ရှေ့စံဒိုဂယောင်ဆူးပဲ အားတင်းထား..။ထို့နောက် ကုတင်အောက်မှာပြန့်ကြဲနေသော အဝတ်အစားတွေကိုယူဝတ်လိုက်ပြီး အခန်းထဲကထွက်ဖို့ပြင်သည်။အခန်းအပေါက်ကနေသူထွက်ရင် အရှင့်ကိုယ်ရံတော်တွေနဲ့ ထိပ်တိုက်ဆုံတွေ့လိမ့်မည်။ထို့ကြောင့် သူအခန်းထဲက ပြတင်းပေါက်ကိုဖွင့်၍ခိုးထွက်ဖို့ပြင်သည်။ပြတင်းပေါက်မှ မထွက်သွားခင်အရှင်ကို တစ်ချက်လှမ်းကြည့်မိသည်။ထို့နောက် သူ့နှုတ်ခမ်းထက်မှနေ...
" အရှင်နဲ့ကျွန်တော့်ရေစက် ဒီဘဝဒီမျှပေါ့အရှင်... "
အရှင့်စီက ထွက်လာပြီးနောက် သူတည်းခိုရာနေရာသို့ အရင်သွားပြီးရေချိုးအဝတ်အစားလဲ၍ အခန်းအပ်သည်။သူ့ပုံစံက ဖရိုဖရဲနဲ့အနံ့အသက်လည်းမကောင်းသောကြောင့် လူအချို့ရဲ့ဘာလဲဆိုတဲ့ အကြည့်အချို့ကိုသူရရှိခဲ့သေးသည်။ထို့နောက် သူဂိုဂူလျောတိုင်းပြည် အရှင့်ထံပါးမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
ဂိုဂူလျောတိုင်းပြည်နဲ့သူတို့ တိုင်းပြည်ငယ်လေးက ခရီးအကွာအဝေး ၅ရက်ခန့်သူကျော်ဖြတ်ရသေးသည်။နယ်မြို့လေးတွေမှာသူဖြတ်ကျော်နေရင်း တည်းခိုရာအဆောင်လေးတွေမှာညဖက်ဆို ကြောက်လန့်တကြီး တုန်လှုပ်မှုရင်အစုံနှင့် သူဟာနိုးထလာရစမြဲ...အရှင်က သူ့အတွက် အိမ်မက်ဆိုး၊နတ်စိုးမင်းသားပဲ။ခရီးပင်ပန်းမှုနှင့်စိတ်ပင်ပန်းမှုတွေက တစ်သက်တာအတွက် မေ့ပစ်ချင်မိသော မှတ်ဥာဏ်အပိုင်းအစများပင်...။
YOU ARE READING
အရှင် ... 🔱 🔥 { Completed }
Historical Fictionကိုယ်တော်က မင်းကိုချစ်မိတာ အပြစ်လား... အရှင့်ကို ကျွန်တော်မှမချစ်ဘဲ... အရှင့်ကို ကျွန်တော်ကသိပ်မုန်းတာလေ...။ #cover by mayalinkar❣️