အပိုင်း - ၁၆

986 79 49
                                    


လက်ဝါးစောင်းတစ်ဖက်တည်းနဲ့
အရှင်ကသူ့ဂုတ်သားငယ်ကိုရိုက်ချလိုက်ပေမယ့် သူကတော့စိတ်ပင်ပန်းမှုနဲ့လူပင်ပန်းမှုတွေပါပေါင်းပြီး တစ်ရက်တစ်ညအိပ်ပျော်သွားခဲ့ပါသည်။အိမ်ရှေ့စံမင်းသားလေး ဒိုဂယောင်ဆူးနိုးလာသည့် အချိန်မှာတော့အရာအားလုံးက ပြောင်းလဲလို့သွားခဲ့ပြီဖြစ်သည်။

အရှင့်ပုလ္လင်ထက်မှာနိုးထလာတဲ့သူဟာရေချိုးဆောင်ထဲဝင်ပြီး ရေချိုးကိုယ်လက်သန့်စင်ပြီးသည်နှင့် အရှင်သူ့အနားမရှိချိန်လေး အပြေးထွက်သွားဖို့ပြင်နေခဲ့ပေမယ့် အရှင်နန်းဆောင်ပေါက်ဝရောက်သည်နှင့် တနည်းအားဖြင့် အရှင်နန်းဆောင်တံခါးကို သူဖွင့်လိုက်သည်နှင့်...

" ဂျိန်း !!! "

" အရှင့်ဧကရီကြွချီလာပါပြီ !!! "

သူ့နားစည်ထဲဝင်လာတဲ့
ခပ်ပြင်းပြင်းရိုက်ချက်...
ဒူးထောက်ထိုင်ချလိုက်ပြီး
သူ့ကိုအရိုအသေပေးနေကျသော မင်းမှုထမ်းများနဲ့ မောင်းမအချို့...

ဘာ...ဘာတွေဖြစ်ကုန်တာလဲ။

သူ့ဘေးဘက်မှာရှိနေသော ကိုယ်ရံတော်ရမ်၊ပြီးတော့ သူသွားရာလမ်းတစ်လျှောက် သူ့နောက်ပါးမှာပါလာမည့် နန်းတွင်းသူများနဲ့အမှုထမ်း၊အရာထမ်းများ။
သူနားမလည်စွာ ကြောင်ငေးရပ်ငေးနေမိတာ အချိန်အတော်ကြာ...

" အရှင့်ဧကရီ !
ကျွန်တော်ရှင်းပြပေးပါ့မယ် ! "

" ကောင်းပြီ ! "

အရှင့်နန်းဆောင်အတွင်းထဲ
ပြန်ဝင်ကာသွားသော သူရယ်၊
သူ့နောက်ပါးက ကိုယ်ရံတော်ရမ်ရယ်။သူ့နားစည်ထဲအခုထိကြားယောင်နေဆဲ ဖြစ်သော ဧကရီ...ဧကရီ၊
ပြီးတော့ ဘာတဲ့...အရှင့်ဧကရီ။

...........................................

အရှင့်နန်းဆောင်အတွင်းမှ ပြန်လည်ထွက်ခွာသွားသော ကိုယ်ရံတော်ရမ်ရဲ့ကျောပြင်၊ပြီးတော့ ပိတ်ကာသွားသောနန်းဆောင်တံခါးကြီးနှစ်ချပ်။

" ဂျိန်း !! "

သူကရော သူကတော့ စားပွဲပေါ်လက်နှစ်ဖက်ကို အမှီပြုထောက်ကာထားရင်း ပြိုလဲမကျအောင် နေနေရသည်။ကိုယ်ရံတော်ရမ် ပြောပြချက်အရဆို..သူအိပ်ပျော်မေ့လဲနေစဥ် အရှင်ကနန်းရင်ပြင်မှာ ဒိုတိုင်းပြည်ကအိမ်ရှေ့စံဒိုဂယောင်ဆူးကို အရှင့်ဧကရီအဖြစ်ခန့်အပ်ကြောင်းကြေငြာခဲ့သည်တဲ့လေ..

အရှင် ... 🔱 🔥 { Completed }Where stories live. Discover now