သူတို့အပျော်မယ်တွေနဲ့ သာယာယစ်မူးနေကျချိန်...သီးသန့်ခန်းလေးထဲ ဂေဟာမှအလုပ်သမားတစ်ယောက်ဝင်လာလေသည်။အမှုမဲ့အမှတ်မဲ့နေနေခဲ့ပေမယ့် သူအခန်းထဲဝင်လာသည်နှင့်အမွှေးရနံ့ခပ်သင်းသင်းလေးက နှာခေါင်းထိပ်နားမှာကျီဆယ်လို့လာလေသည်။သူ ထိုအလုပ်သမားကိုအကဲခတ်ကြည့်မိတဲ့အခါ သူ့ကိုငေးကြည့်နေတာတွေ့ရသည်။သူ့လက်တစ်ဖက်က အပျော်မယ်ကောင်မလေးရဲ့ လက်တစ်ဖက်ကိုပွတ်သပ်ပြမိတဲ့အခါ မျက်နှာရုပ်ချည်းပျက်ထွက်သွားတာ မြင်လိုက်ရသည်။ဘာလို့လဲ...ပြီးတော့ သူ့စိတ်နှလုံးထဲမှာပါအဆင်ပြေမလာတော့ဘူး။
သူဂရုတစိုက် အကဲခတ်နေမိသည်။ထိုကောင်လေးက သူတို့ထဲကလူတစ်ယောက်ကိုအရက်ငဲ့ပေးနေသည်ကို မြင်ရသည်ကို သူစိတ်တိုင်းမကျ...သူ့စိတ်တွေရုတ်တရက်မီးလိုပူလာပြီး ဒေါသတွေထွက်လာခဲ့မိသည်။ဘာလို့လဲ....
" မင်း ဘယ်သူလဲ ! "
သူမေးတာကို မဖြေဘဲတိတ်ဆိတ်နေသည်က သူ့ကိုစိတ်ပိုခံပြင်းလာစေသည်။
" မေးနေတယ်လေ မင်းဘယ်သူလဲ! "
မဖြေဘဲ အခန်းထဲကထွက်သွားဖို့ပြင်နေပြန်သည့် ထိုလူ။
" သူ့ကို ဖမ်းထားစမ်း !! "
သို့ပေမယ့် ထိုလူငယ်လေးကသူ့ကိုမော့ပင်ကြည့်မလာတော့ဘဲအခန်းပေါက်သို့ပင်ရောက်နေလေပြီဖြစ်သည်။သူ ကိုယ်ရံတော်နှစ်ယောက်ကိုဖမ်းဖို့ပြောလိုက်သည်နှင့် ထိုလူ့ကိုဖမ်းချုပ်လိုက်သော်လည်း ဖျက်ခနဲရုန်းကန်လို့အပြင်သို့ထွက်ပြေးသွားလေသည်။
" တောက်စ် !! "
ဘာလို့မှန်းမသိဘူး..ထိုလူသူ့စီက ကျောခိုင်းပြေးထွက်ကာသွားတဲ့ ကျောပြင်ငယ်ကိုမြင်ရတာ ရင်နာလှသည်။သူ ထိုင်နေရာမှ ဝုန်းကနဲထရပ်လို့ အခန်းပြင်သို့ပြေးလိုက်သွားမိသည်။သူ့ရဲ့အနောက်မှာ ထပ်ချပ်မကွာလိုက်လာသော ကိုယ်ရံတော်နှစ်ယောက်နဲ့အတူ။
ထိုလူက အပြေးသန်လှသည်ထင် လစ်ကနဲပြေးထွက်သွားတာ သူပင်မမြင်လိုက်ရ။သို့သော် ထိုလူ့မွှေးရနံ့သင်းသင်းက သူ့စိတ်နှလုံးကိုဆွဲဆောင်နေပြီး ထိုရနံ့အရသူပြေးလိုက်သွားမိသည်။တစ်နေရာအရောက်မှာ ထိုလူကရပ်တန့်လို့သွားသည့်ပုံပင်..အိမ်တော်အသေးနောက်ဖေးလမ်းကြားထဲ ထိုလူကကျောမှီလို့အမောဖြေနေဟန်...
YOU ARE READING
အရှင် ... 🔱 🔥 { Completed }
Fiksi Sejarahကိုယ်တော်က မင်းကိုချစ်မိတာ အပြစ်လား... အရှင့်ကို ကျွန်တော်မှမချစ်ဘဲ... အရှင့်ကို ကျွန်တော်ကသိပ်မုန်းတာလေ...။ #cover by mayalinkar❣️