အရှင်နဲ့သူပြန်လည်သင့်မြတ်ပြီး
၆လမျှအချိန်~~ဒီနေ့နှင်းတွေတဖွဲဖွဲကျနေခဲ့တယ်။
သူနိုးလာချိန်မှာအရှင်က ညီလာခံသွားနေပြီဖြစ်သည်။ကိုယ်လက်သန့်စင်ပြီးတည်ခင်းပေးထားတဲ့ မနက်စာကိုသုံးဆောင်တယ်။မနက်စာသုံးဆောင်ပြီးနန်းရင်ပြင်ထဲလမ်းလျှောက်ထွက်ဖို့ပြင်တော့ ကိုယ်ရံတော်ရမ်ကတားဆီးလေသည်။" အရှင်မင်းကြီးက နှင်းတွေအရမ်းကျနေလို့ အပြင်မထွက်ခိုင်းပါဘူး "
" ဟင်း..ကောင်းပြီ "
အရှင်ကအပြင်မထွက်စေချင်တော့လည်းသူက မထွက်ရုံပေါ့လေ။သူအရှင့်အမိန့်စကားကိုလွန်ဆန်လို့မရပါ၊လွန်ဆန်ခဲ့ဖူးတယ်၊နန်းရင်ပြင်လူမြင်ကွင်းကြီးထဲမှာ ဇွတ်တရွတ်သူ့ကိုပွေ့ချီသွားခဲ့တဲ့မြင်ကွင်းက ရက်အချို့ကုန်လွန်ပြီးသည့်တိုင်နန်းတွင်းထဲပြောစမှတ်ရှိနေမြဲ။ထိုအဖြစ်အပျက်အချို့ကြောင့် သူကအရှင့်အမိန့်တွေကိုမငြင်းဆန်ရဲတော့ပါ။
နန်းဆောင်ငယ်ထဲပြန်ဝင်ရင်း
နန်းဆောင်ရှိပြတင်းပေါက်ငယ်ကိုအသာဟထားလို့သူကအရှေ့ကမြင်ကွင်းကိုရပ်ငေးလို့နေသည်။နှင်းဖွေးဖွေးတွေကျနေသောကြောင့် နန်းရင်ပြင်ထဲနှင်းအချို့ဖုံးလွှမ်းနေသည်။သစ်ပင်အချို့မှာကပ်တွယ်နေတဲ့နှင်းစငယ်လေးတွေကို သူတမေ့တမောငေးကြည့်နေရင်း အိမ်တော်ကိုလွမ်းသည်။အိမ်တော်..အိမ်ဆိုတဲ့အရာကသူ့ရဲ့ပျော်ရွှင်မှုတွေအစပျိုးခဲ့တဲ့ ဒိုအိမ်တော်ကိုဆိုလိုခြင်းဖြစ်သည်။ခမည်းတော်ရဲ့ကျန်းမာရေး၊သူ့ညီမငယ်လေးရော အဆင်ပြေနေရဲ့လား၊အိမ်ရှေ့စံရှိမနေတဲ့ ဒိုတိုင်းပြည်ငယ်မှာပုန်ကန်မှုတွေများရှိနေလေမလား။ထီးနန်းဆက်ခံယူဖို့မပြောနဲ့၊အသုံးမကျတဲ့ဝတ်ရုံလက်ပြတ်သဖွယ်ဖြစ်နေတဲ့ သူ့အဖြစ်ကိုဖခမည်းတော်နဲ့ညီမလေးဘယ်လိုများဖြေရှင်းစေခဲ့သလဲ။ထွက်ပြေးတယ်၊လွတ်မြောက်ချင်တယ်..သို့ပေမယ့်သူကအရှင့်ကိုမထားခဲ့ရက်ပြန်ဘူး။သူထွက်ပြေးချင်တယ်၊သို့ပေမယ့်သူပြန်မယ့်လမ်းက ဒိုတိုင်းပြည်ကိုလည်းမဟုတ်ခဲ့ပြန်ဘူး၊ဘယ်သူမှမရှိတဲ့နေရာ ဘယ်သူမှသူ့ကိုမသိတဲ့နေရာတစ်ခုမှာသူလွတ်လပ်စွာနေခဲ့ချင်ရုံလေးပါ။
YOU ARE READING
အရှင် ... 🔱 🔥 { Completed }
Historical Fictionကိုယ်တော်က မင်းကိုချစ်မိတာ အပြစ်လား... အရှင့်ကို ကျွန်တော်မှမချစ်ဘဲ... အရှင့်ကို ကျွန်တော်ကသိပ်မုန်းတာလေ...။ #cover by mayalinkar❣️