အပိုင်း - ၂

1K 114 10
                                    

ဦးရီးတော်ရဲ့ပုန်ကန်ခြင်းအစ~~

ထီနန်းမရရှိတဲ့ဦးရီးတော်က
သူတို့ကိုပုန်ကန်ဖို့ပြင်ဆင်ခဲ့တယ်။

" ညီတော် "

" အကိုတော်ပြောပါ "

" အခုနကလိုမျိုး နန်းတက်အခမ်းအနားမှာ ပြုလုပ်ခဲ့တဲ့အပြုအမူမျိုးကိုရှောင်ကြဥ်ပါ..ဒေါသကိုထိန်းပါ..တစ်ချိန်ကျ ညီတော့်အပေါ် ဆိုးကျိုးတွေသက်ရောက်လာနိုင်တယ် "

" ဟုတ်ကဲ့ပါ အကိုတော်
အတတ်နိုင်ဆုံးညီတော် စိတ်ထိန်းပါ့မယ် "

" အင်း.."

" ဦးရီးတော်ကိစ္စကို အကိုတော်ဘယ်လိုဖြစ်ရှင်းစေချင်လဲ "

" ညီတော်စိတ်တိုင်းကျဖြေရှင်းပါ..သို့ပေမယ့်ဦးရီးတော်ကိုတော့ဦးရီးတော်တစ်ယောက်ဆိုတာမျိုးသိထားစေချင်တယ်.. အကိုတော်တိုင်းရေပြည်ရေးကိစ္စတွေမှာပါဝင်မစွက်ဖက်ချင်ဘူး..တစ်ခုပဲ "

" ဟုတ် အကိုတော်ပြောပါ "

" အကိုတော့်ကိုတစ်ခုပြန်ကူညီပါ "

" ...."

" အကိုတော့်မှာ ချစ်ခင်နှစ်သက်တဲ့သူရှိတယ်..သူ့ကိုအကို့ကြင်ယာတော်အဖြစ်ထားချင်တယ် "

" ...."

" ဒါပေမယ့်သူကအကိုတော့်မေတ္တာကိုလက်မခံဘူးဖြစ်နေတယ်..သူ့ကိုအကိုတော်ရဲ့ကြင်ယာတော်အဖြစ်သိမ်းပိုက်ချင်မိတယ် "

" အကိုတော်ဆန္ဒရှိတဲ့အတိုင်းဖြစ်စေရပါ့မယ် "

" ကျေးဇူးတင်ပါတယ် ညီတော် "

ကြီးမြတ်လှတဲ့အရှင်မင်းကြီးဘဝကိုတောင်မလိုချင်တဲ့အကိုတော်က..သူရဲ့ကြင်ယာတော်ဖြစ်လာမယ့်သူကိုတော့သိပ်တန်ဖိုးထားမြတ်နိုးရှာတယ်ထင်ပါတယ်လေ။ဘယ်သူများပါလိမ့်...ဘယ်လောက်ထိချောမောနေလို့ပါလဲ..ဘာပဲနေနေသူအကိုတော်ရဲ့ဆန္ဒကိုသူဖြည့်စီးပေးရမည့်တာဝန် သူ့မှာအပြည့်အဝရှိလေသည်။

...................................

အရှင်မင်းကြီးပတ်ချန်းယောလ် ~~

ခက်ထန်တယ်..ပြတ်သားတယ်..မာကျောတယ်။
စစ်မှုရေးရာအဖြာဖြာကိုလည်းကိုင်တွယ်နိုင်သည်။အမျက်ဒေါသကြီးလွန်းပြီး..သွေးထွက်သံယိုအမှုတွေကိုကြိုက်နှစ်သက်ပြီး ကိုယ်တိုင်စီရင်တယ်...နာကျင်ခံစားနေရတဲ့လူတွေကိို အေးအေးဆေးဆေးထိုင်ကြည့်နေနိုင်သည်။နှလုံးသားက ကြောက်စရာကောင်းလောက်အောင် မာကျောလွန်းတယ်။ပြီးတော့ အပျော်အပါးမက်လွန်းတယ်...

အရှင် ... 🔱 🔥 { Completed }Where stories live. Discover now