ညသန်းခေါင်တစ်ချက်တီးလောက်မှာ
ပဲ သူ့ရင်ခွင်ထဲကအနွေးလုံးလေးရဲ့ညည်းညူနေသံသဲ့သဲ့ကို သူကြားလိုက်ရသည်။ရင်ခွင်ထဲက အနွေးလုံးလေးက တဟင်းဟင်းညည်းညူလို့အဖျားတက်နေခဲ့သည်။ရေကန်စည်ပိုင်းထဲ အချိန်အကြာကြီးနေခဲ့လို့များလည်းမသိဘူး...သူဘေးနားမှာအဖျားတက်နေတဲ့အနွေးလုံးလေးကို ရေပတ်တိုက်ပေးဖို့သူပြင်သည်။ကုတင်ပေါ်မှာ အဖျားတက်နေတဲ့ အနွေးလုံးလေးကို အင်္ကျီလေးတွေတစ်လွှာချင်းချွတ်စေပြီး သူကတဘက်တစ်ထည်နဲ့ ခန္ဓာကိုယ်နေရာအနှံ့ပွတ်သပ်လို့နေမိသည်။သို့သော် အနွေးလုံးလေးက သက်သာမလာသေးဘဲ အဖျားတက်နေဆဲဖြစ်သည်။အိပ်ဆောင်အနောက်ပေါက်ကနေ ကိုယ်ရံတော်ရွမ်ကို လေချွန်သံပေးလို့ သူအချက်ပြမိသည်။
" အရှင်မင်းကြီး ! "
" ကိုယ်တော့်အိပ်ဆောင်ကုတင်ဘေးက ဆေးဗူးလေးထဲ
ကိုယ်တော်မှီဝဲနေကျ လင်းဇီးဆေးလုံးတွေယူခဲ့ပေး ! "" ဟုတ်ကဲ့!! "
အချိန်ခဏအကြာမှာတော့ အိမ်ရှေ့စံအိပ်ဆောင်သို့ပြန်လည်ရောက်ရှိလာပြီး ရွှေရောင်လင်းဇီးဆေးလုံးတွေကိုယူဆောင်လာခဲ့လေသည်။ခပ်မြန်မြန်ယူစေပြီး အခန်းထဲကုတင်ပေါ်မှ အနွေးလုံးလေးကို ဆွဲထူလို့ဆေးလုံးတွေတိုက်ဖို့ပြင်သည်။သို့သော် အနွေးလုံးလေးကပါးစပ်တင်းတင်းစေ့ကာထားလို့ ဂျစ်ကျနေသေးသည်။သူသဘောတကျ ပြုံးရယ်နေမိပြီး အနွေးလုံးလေးရဲ့ ကလေးဆန်မှုလေးကသူ့ရင်ထဲကလိကလိဖြစ်ပေါ်စေသည်။
ဆေးလုံးတွေကို သူ့အာခံတွင်းထဲငုံထားစေပြီးမှ အနွေးလုံးနှုတ်ခမ်းကိုနမ်းရှိုက်ရင်း ဆေးတိုက်မိသည်။အဖျားတက်ပြီးအသိစိတ်မကပ်နေသောသူ့ရဲ့ အနွေးလုံးက သူ့နှုတ်ခမ်းပါးတွေကိုဆေးလုံးတိုက်နေရင်းကိုက်ဆွဲလာလို့ သူ့နှုတ်ခမ်းပါးမှ သွေးထွက်လာခဲ့သေးသည်။တစ်ပါးသူသာဆို ငါကိုယ်တော်ကို သွေးထွက်အနာတရဖြစ်အောင်လုပ်ခဲ့ပါက ခေါင်းပြတ်သွားမည်ဖြစ်သောလည်း သူ့ရဲ့အနွေးလုံးလေးကြောင့်ဖြစ်တဲ့ သွေးထွက်သံယိုနှစ်ခါစလုံး သူလုံးဝအမျက်ဒေါသထွက်ခြင်းမရှိခဲ့ပေ။
YOU ARE READING
အရှင် ... 🔱 🔥 { Completed }
Historical Fictionကိုယ်တော်က မင်းကိုချစ်မိတာ အပြစ်လား... အရှင့်ကို ကျွန်တော်မှမချစ်ဘဲ... အရှင့်ကို ကျွန်တော်ကသိပ်မုန်းတာလေ...။ #cover by mayalinkar❣️