ညတာကရှည်ကြာလွန်းတယ်..
ပြီးတော့သူကရော အရှင်နဲ့အတူအလိုတူအလိုပါ နေနေခဲ့တာဆိုးတာပဲ။သူစိတ်ရောကိုယ်ပါပင်ပန်းလွန်းလို့ မျက်လုံးတွေစုံမှိတ်ကျလို့ နေနေခဲ့ပြီ။သို့ပေမယ့် အရှင်ကသူ့အပေါ်မှာတက်ကြွစွာလှုပ်ရှားနေဆဲ။
" တစ်ပတ်လုံး ကိုယ်တော်ဘယ်လောက်လွမ်းနေခဲ့ရသလဲ ဟာ့ ရှီး ! "
သူ့ကိုလွမ်းနေတာလား..
ဒါမှမဟုတ် သူ့ခန္ဓာကိုယ်ကိုလား အရှင်။" အနွေးလုံးလေးက အရမ်းကောင်းတာပဲကွာ ကိုယ်တော်တော့ ထိန်းမရတော့ဘူး အာ့ ! "
အရှင်ရဲ့အိပ်ယာပေါ်ကစကားတွေက သူ့အတွက် ရှက်ရွံ့ဖွယ်။သူလည်းယောကျ်ားသားတစ်ယောက် တိုင်းပြည်ရဲ့အိမ်ရှေ့စံတစ်ယောက်ဖြစ်ပြီး အခုတော့ အရှင့်ရဲ့ကိုယ်လုပ်တော်သာသာ..
" ကိုယ်တော်မဝသေးဘူး အနွေးလုံးလေးရာ ဟူး! "
သူ့ရင်ဘတ်ပေါ် အမောဖြေမှောက်ကျလာတဲ့ အရှင့်ခန္ဓာကိုယ်ကြီးက ထွားကျိုင်းလွန်းနေလိုက်တာ..
" ဖယ် ဖယ်ပေးပါအုန်း အရှင် ! "
" အင်း ! "
အင်းလို့ပြောနေပေမယ့် သူ့မေးစေ့ငယ်ကိုလျှာဖျားနဲ့ပွတ်သပ်နေဆဲ...
သူအိပ်ပျော်ကာသွားသည်အထိ အရှင်ကသူ့ခန္ဓာကိုယ်ပေါ်အသားယူလို့မဝနိုင်သေးဘူးထင်ပါတယ်။သိပ်မကြာခင်မှာပဲ သူကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့သွားခဲ့ပါတယ်..." အနွေးလုံးလေးကို ကိုယ်တော်နှစ်သက်မြတ်နိုးလိုက်ရတာ.."
အိပ်ပျော်နေရင်း သူ့နှုတ်ခမ်းလေးကတွန့်ကွေးလို့သွားခဲ့သည်။အရှင့်ရဲ့ သြရှရှအသံကသူ့နားစည်ထဲ အိပ်ရာဝင်တေးတစ်ပုဒ်လိုဒါမှမဟုတ် အရသာရှိတဲ့ပျားရည်လေးလိုမျိုးပဲ သူကအရှင့်လက်ထဲကရုန်းထွက်လို့ရမယ် မထင်တော့ပါဘူး။
............................................
နောက်တစ်နေ့သူနိုးလာတော့ အရှင်ကညီလာခံသွားနေပြီဖြစ်သည်။အရှင့်ပလ္လင်ပေါ်ကနေသူနိုးထလာပြီးနောက်အရှင့်ရေချိုးဆောင်ကိုဝင်သွားလိုက်ပြီး ရေစည်ပိုင်းထဲရေစိမ်နေလိုက်သည်။ပြီးနောက် အရှင်စီစဥ်ပေးကာထားတဲ့ ဝတ်စုံကိုဦးစွာဝတ်လိုက်မိသည်။
YOU ARE READING
အရှင် ... 🔱 🔥 { Completed }
Fiksi Sejarahကိုယ်တော်က မင်းကိုချစ်မိတာ အပြစ်လား... အရှင့်ကို ကျွန်တော်မှမချစ်ဘဲ... အရှင့်ကို ကျွန်တော်ကသိပ်မုန်းတာလေ...။ #cover by mayalinkar❣️