မင်္ဂလာအခမ်းအနားကို လျစ်လျူရှုလို့သူက သူ့ရဲ့နန်းဆောင်ငယ်လေးသို့သာပြန်ဖို့ဦးတည်လိုက်တော့သည်။အရှင့်နန်းဆောင်ကိုသူမပြန်တော့ဘူးလေ..ညကျအရှင်ကအသစ်စက်စက်မိဖုရားနဲ့အိပ်ဆောင်အတူတူဝင်နေမှာကိုး သူကဘာလိုစိတ်နဲ့အရှင့်နန်းဆောင်ကိုပြန်ပြီးအရှင်ပြန်အလာကိုစောင့်နေရမှာလဲလေ..သူလည်း သူ့မာနနဲ့သူပါ။
ကိုယ်ရံတော်ရမ်ရဲ့စီစဥ်ပေးမှုနဲ့အတူ
သူက သူ့နန်းဆောင်လေးထဲသူတစ်ယောက်တည်းနေ့လည်စာပွဲတော်တည်ပြီးသည့်နောက် အနားယူရန်ပြင်သည့်အခါ.." ကိုယ်တော့်ဧကရီ ညနေစောင်းကျ နန်းရင်ပြင်မှာ သောက်ပွဲရှိပါသေးတယ်၊အရှင့်ဧကရီတစ်ပါးအနေနဲ့တက်မှသင့်တော်ပါလိမ့်မယ်! "
" အရှင်က တက်ခိုင်းတာလား ကိုယ်ရံတော်ရမ်! "
" အရှင်မင်းကြီးက ဧကရီပြန်ရောက်တာမသိသေးပါဘူး၊ဒါပေမယ့် ပြန်ရောက်ကြောင်းကိုမျက်နှာလေးတစ်ပါတည်းပြရင်း ပျော်ပွဲရွှင်ပွဲ အခမ်းအနားပါတစ်ခါတည်းတက်လိုက်မယ်ဆိုရင် ပိုသင့်တော်မယ်ထင်လို့လျှောက်တင်ရခြင်းဖြစ်ပါတယ် ကိုယ်တော့်ဧကရီ! "
" ကောင်းပြီ ! ညနေစောင်းကျ လာခေါ်ပေးပါ ! "
" အမိန့်အတိုင်းပါ၊ကိုယ်တော့်ဧကရီ ! "
ခဏတာအနားယူပြီးနောက်
ရေချိုးအဝတ်အစားလဲပြီး..ကိုယ်ရံတော်ရမ်လာခေါ်မည့်အချိန်ကိုစာပေလွှာဖတ်နေရင်းနဲ့ သူစောင့်နေလိုက်ပါတော့သည်။" ကိုယ်တော့်ဧကရီ ကြွမြန်းလို့ရပါပြီ!"
" ကောင်းပြီ ! "
ပျော်ပွဲရွှင်ပွဲအခမ်းအနားကိုသူရောက်သွားသည့်အခါ အရှင်မင်းကြီးရောမိဖုရားအသစ်စက်စက်လေးရောရောက်နေပြီးဖြစ်သည်။ထို့အတူထိုပျော်ပွဲအခမ်းအနားထဲ အမတ်မင်းတွေ၊အရာရှိမင်းတွေပါမကျန်ပျော်ပါးစားသောက်ဖို့ရောက်နေကျပြီးဖြစ်သည်။သူကနန်းရင်ပြင်ထက်ခင်းထားသည့်ကော်ဇောနီနီထက်မှာသန်သန်မာမာနဲ့ဖြတ်သန်းလာခဲ့ပြီး နန်းပလ္လင်ပေါ်မှာရှိနေသည့် အရှင့်ကိုဦးစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတော့သည်။
YOU ARE READING
အရှင် ... 🔱 🔥 { Completed }
Historische Romaneကိုယ်တော်က မင်းကိုချစ်မိတာ အပြစ်လား... အရှင့်ကို ကျွန်တော်မှမချစ်ဘဲ... အရှင့်ကို ကျွန်တော်ကသိပ်မုန်းတာလေ...။ #cover by mayalinkar❣️