အပိုင်း - ၃၂ { Final }

1.1K 93 37
                                    


အရှင်ကတော့ဖြင့် သူ့ကိုတကယ်ကြီးစိတ်ဆိုးနေတော့မှာပါပဲ။သို့ပေမယ့်လည်းသူကိုယ်တိုင်ကိုကအရှင့်အနားကပ်နေဖို့ကိုလည်း မတတ်နိုင်ရှာပြန်ဘူးလေ..သားတော်လေးကသူ့ကိုနေ့ရောညပါကပ်တွယ်လွန်းနေခဲ့တယ်။အရှင့်ရဲ့မှုန်ကုတ်နေတဲ့မျက်နှာအနေအထားကိုကြည့်ရုံနဲ့အရှင့်စိတ်အဆင်မပြေနေဘူးဆိုတာသိနေပေမယ့်လည်း သားတော်လေးရဲ့ဆန္ဒကိုရေးရှုလို့ အရှင်ကိုယ်တိုင်ကသားတော်လေးစကားကိုမငြင်းဆိုခဲ့ပေ။သူကလည်းသားတော်လေးအလိုကျ လိုက်လျောပေးနေမိပြန်တော့လည်း အရှင်ကမည်သည့်အငြင်းစကားကိုမျှမဆိုခြင်းဖြစ်နေပါလိမ့်မည်။

" အရှင့်ဧကရီလေး.."

" ပြောလေ သားတော်လေး "

" ဘာလို့အကြာကြီးအိပ်ပျော်နေခဲ့ရတာလဲ၊သားတော်လေးက အများကြီးလွမ်းနေရတာ.."

" ဟုတ်ပါရဲ့နော်၊ဘာလို့များပါလိမ့်.."

" ဖခမည်းတော်ကြီး..ကြီးဆိုလည်းတစ်ခါတစ်လေ အရှင့်ဧကရီလေးကိုကြည့်ကြည့်ပြီး ငို..ငိုနေတာ သိရဲ့လား ဟွန့် "

" ငိုတယ်? "

" အွန်း ငိုတယ်၊သားတော်လေးမြင်တာ လေ အင်း..တစ်ခါနှစ်ခါ ခဏခဏတောင်ရှိနေပြီ "

" အင်း.."

" နောက်ဆို သားတော်လေးတို့ကိုအလိုမျိုးကြီးထားသွားလို့မရတော့ဘူးနော်၊ဒီတစ်ခါဆိုသားတော်က စိတ်အကြီးကြီးဆိုးတော့မှာဗျ ဟွန့် "

" ဘယ်တော့မှ ထားမသွားတော့ဘူးနော်၊စိတ်ချနော် သားတော်လေး "

" အွန်း..အဆို သားတော်လေးအိပ်တော့မယ်၊ဖက်ထားပေးနော် "

"ကောင်းပါပြီခဗျ "

" ချုပ်ရိုးကိုကန်မိရင် သားတော်လေးကိုရိုက်လိုက်နော် အရှင့်ဧကရီလေး"

" မကန်မိပါဘူး သားတော်ရဲ့၊စိတ်ချလက်ချအိပ်နော်၊သားတော်လေးဘေးမှာတစ်ညလုံးရှိနေပေးမယ်နော်.."

ပါးဖောင်းဖောင်းလေးတစ်ဖက်ကိုမွှေးကြူရင်း သူ့ရင်ခွင်လေးထဲခေါင်းဝင်တိုးလာတဲ့ခေါင်းလုံးလုံးသေးသေးလေး..ချစ်လိုက်တာ ကလေးလေးရယ်။

အရှင် ... 🔱 🔥 { Completed }Where stories live. Discover now