နန်းပုလ္လင်ထက်ဝယ်..
ပိုးသားဖြူဖြူလွလွလေးအောက်မှာ
ပုဇွန်ထုပ်လေးလိုကွေးကွေးလေးအိပ်ပျော်နေတဲ့ ကိုယ်တော့်ရဲ့အနွေးလုံးကို သဘောတကျကြည့်နေမိခဲ့ပြီး၊နှစ်နှစ်ခြိုက်ခြိုက်လည်း ပြုံးတော်မူမိသည်။" အရှင်မင်းကြီး ညီလာခံသွားဖို့အချိန်ရောက်ပါပြီ "
" ကောင်းပြီ "
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသေးသောချစ်ရသူလေးအပေါ် ငုံ့ကိုင်းချလိုက်ပြီးမှ ကိုယ်တော့်အနွေးလုံးလေးရဲ့အိစက်စက်ပါးပြင်လေးထဲ နှာခေါင်းချွန်ချွန်လေးက တဒင်္ဂစိုက်ဝင်လို့နေသည်။အချိန်ခဏအကြာမှသာ အရှင်မင်းကြီးကခပ်မတ်မတ်ပြန်ရပ်လိုက်ပြီး ပိုးသားခြုံစောင်လေးကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်ပြုပြင်ပေးခဲ့သေးသည်။
ကြည်နူးနေဟန်၊ပျော်ရွှင်နေဟန်၊
စိတ်ကြည်သာနေတဲ့အရှင်မင်းကြီးကနန်းဆောင်တံခါးမကြီးထဲကအပြင်သို့ခြေတစ်လှမ်းချလိုက်သည်နှင့် မျက်နှာတော်ကခပ်ထန်ထန်၊တည်တည်တင်းတင်းအဖြစ်သို့လျင်မြန်စွာပြောင်းလဲသွားပါတော့သည်။အရှင်မင်းကြီးခံယူကာထားတဲ့ ချစ်မြတ်နိုးခြင်းအဓိပ္ပါယ်က ဘာလဲလို့မေးလာခဲ့ရင်..ငါကိုယ်တော်မြတ်ကတော့ သူ့ရဲ့ချစ်မြတ်နိုးမှုအပေါင်းဖြစ်တည်ရာ အနွေးလုံးလေးကို လက်ညှိုးထိုးပြဖြစ်လိမ့်မည်။တိတိကျကျပြောရရင်...
ဂိုဂူလျောတိုင်းပြည်..
အရှင်မင်းကြီးပတ်ချန်းယောလ်၏ ချစ်မြတ်နိုးခြင်းအစအလယ်အဆုံးမြစ်ဖျားခံရာနေရာသည် အရှင့်ဧကရီမြတ်ဒိုဂယောင်ဆူး ဆိုသောဖြစ်တည်မှုနှင့်စတင်မြစ်ဖျားခံခဲ့ကြောင်း သိသာထင်ရှားလွန်းလှပါသည်။ဘဝဆက်တိုင်း ကံကြမ္မာကမျက်နှာသာမပေးခဲ့ပေမယ့်၊ယခုဘဝမှာတော့ ဤလူသားလေးနှစ်ယောက်အပေါ် မေတ္တာသက်ဝင်ပါစေ။မှန်ကန်သောချစ်မြတ်နိုးမှုအစွမ်းတန်ခိုးတွေကြောင့် နတ်ကောင်းနတ်မြတ်များကူညီကြည့်ရှူစောင့်ရှောက်ပေးပါ၊ဤလူသားလေးနှစ်ဦးအပေါ် မေတ္တာလုံ၍အေးချမ်းပါစေ။ဘေးရန်အန္တရယ်များမှ ကင်းဝေးပါစေ။စစ်မှန်သောချစ်ခြင်းမေတ္တာတွေကြောင့် ထိုလူသားလေးနှစ်ဦးဆက်သွယ်ကာထားတဲ့ ကြိုးထုံးလေးလည်း ပို၍ခိုင်မြဲပါစေ။
YOU ARE READING
အရှင် ... 🔱 🔥 { Completed }
Historyczneကိုယ်တော်က မင်းကိုချစ်မိတာ အပြစ်လား... အရှင့်ကို ကျွန်တော်မှမချစ်ဘဲ... အရှင့်ကို ကျွန်တော်ကသိပ်မုန်းတာလေ...။ #cover by mayalinkar❣️