" အရှင့်! ကျွန်တော်အာသီသဖြစ်နေလို့စားချင်လို့ပါဆို! "
" မစားရဘူး၊နေမကောင်းဖြစ်လိမ့်မယ်"
" ဘာမှမဖြစ်လောက်ပါဘူးအရှင်ရယ်၊အရှင်ပြောတော့ ကျွန်တော်မျိုးသာစားချင်ရင် တစ်ခွန်းတည်းသာပြောလိုက် ဖြည့်စည်းပေးမှာဆို! "
" အခုကိုယ်တော်ပြောနေတာကလည်း ရေခဲအမှုန်ရေခဲအစတွေက ကိုယ်တော့်ဧကရီလေးနဲ့မသင့်တော်ဘူးလို့လေ!ကျန်တာဆို စားချင်တာသာပြော ကိုယ်တော်က... "
" တော်ပြီ ဘာမှမပြောနဲ့တော့၊
ဘာမှလည်းမစားချင်တော့ဘူး.."ဟင်..
ငါကိုယ်တော်မြတ်ကို စိတ်ဆိုးစွာခွန်းတုံ့ပြန်စကားဆိုခဲ့ပြီးနောက် သူ့အနားကနေလှမ်းထွက်သွားခဲ့သော ကိုယ်တော့်ရဲ့အနွေးလုံးငယ်လေး။သူ့အနားကနေ စိတ်ဆိုးစွာလှမ်းထွက်သွားခဲ့သော ဧကရီမြတ်ကိုကြည့်လိုက်၊အနောက်ကချယ်ရီပင်ပေါ်ကအကိုင်းအခက်တွေမှာတင်ကျန်နေသော ရေခဲအမှုန်အစတွေကိုကြည့်လိုက်နဲ့ အရှင်မင်းကြီးက စိတ်တွေ ဗျာများလို့နေခဲ့ပါသည်။ထိုအဖြစ်ကိုကြည့်လို့ အရှင်မင်းကြီးရဲ့နောက်လိုက်ငယ်ပါများကလည်းအရှင်မင်းကြီးနည်းတူ ဧကရီမြတ်ကိုကြည့်လိုက်၊ချယ်ရီပင်ကိုကြည့်လိုက်၊အရှင်မင်းကြီးမျက်နှာတော်အရိပ်အခြေအနေကို မော်ဖူးလိုက်နဲ့ အလုပ်ရှုပ်နေခဲ့ပါသည်။
" သမားတော်ကြီးကို အခုသွားခေါ်ခဲ့! "
" အမိန့်အတိုင်းပါ အရှင်မင်းကြီး! "
နောက်ဆုံးတော့လည်း ပိုချစ်မြတ်နိုးရတဲ့သူက အလျှော့ပေးရတာပါပဲလေ။ကိုယ်တော်မြတ်ကို စိတ်ဆိုးပြီး သူ့အနွေးလုံးလေးက ဟိုးအရင်ကလိုမျိုးသူ့ကိုလျစ်လျူရှုသွားခဲ့ရင်၊ဟိုးအရင်ကလိုမျိုး သူ့က်ိုပြန်မချစ်တော့ရင်..
အတွေးနဲ့တင် တိုင်းပြည်ရဲ့အရှင်သခင်
အရှင်မင်းကြီးပတ်ချန်းယောလ်ရဲ့မျက်နှာတော်က ယိုယွင်းစပျက်ယွင်းစပြုနေခဲ့ပါပြီ။အရှင်မင်းကြီးရဲ့မျက်နှာတော်ညှိုးနွမ်းလာပုံကိုကြည့်လို့နောက်လိုက်ငယ်ပါများရဲ့ မျက်နှာတွေများဆို ပြောမနေပါနဲ့တော့လေ..
YOU ARE READING
အရှင် ... 🔱 🔥 { Completed }
Fiction Historiqueကိုယ်တော်က မင်းကိုချစ်မိတာ အပြစ်လား... အရှင့်ကို ကျွန်တော်မှမချစ်ဘဲ... အရှင့်ကို ကျွန်တော်ကသိပ်မုန်းတာလေ...။ #cover by mayalinkar❣️