အပိုင်း - ၂၄

857 80 49
                                    

ဂိုဂူလျောတိုင်းပြည်~~
ပြည်သူတွေအကြား အံ့သြထူးဆန်းဖွယ်ရာသတင်းတစ်ခုက တစ်မနက်ခင်းတည်းတင် ဟိုးလေးတစ်ကျော်ခြိမ့်ခြိမ့်သဲဖြစ်နေခဲ့ပါသည်။ဝေဖန်တဲ့သူတွေရှိတယ်၊ထိုသူတွေက လူကုန်ထံအသိုင်းအဝိုင်းကလူတွေဖြစ်တယ်။အရှင်မင်းကြီးနှုတ်ထွက်စကားကို သဘောကျနှစ်ခြိုက်နေတဲ့သူတွေလည်းရှိသေးတယ်၊ထိုသူတွေက မိန်းမသားအင်အားထုတွေဖြစ်ပါတယ်။

အရှင်မင်းကြီးရဲ့ ကြောငြာချက်ကရိုးရှင်းပါတယ်။ဖြစ်လာမယ့်ရိုက်ချက်တွေက သူ့နန်းသက်ကိုသာမကနန်းတွင်းကနေတောင်လွင့်ပါသွားပါစေ၊အရှင်မင်းကြီးကတော့ ညီလာခံအစည်းအဝေးမှာမင်းရာဇာသံနဲ့အညီကြောငြာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ညီလာခံကအမတ်တွေ၊မင်းမှုထမ်းနဲ့အရာထမ်းတွေရဲ့ အာမေဋိတ်အသံက နန်းရင်ပြင်ကိုလျှံကျလာသည်အထိ ဂိုဂူလျောမင်းကြီးအရှင်ပတ်ချန်းယောလ်ကခိုင်ခိုင်မာမာအဆိုတင်သွင်းခဲ့ပါသည်။ထိုအရာက...

" တစ်လင်တစ်မယားစနစ် "

ဖြစ်သည်။ညီလာခံမှာအရှင်မင်းကြီးအား အမတ်ကြီးတွေကအပြုသဘောနေနေ၊အဖျက်သဘောနေနေ ဘယ်လိုပဲအဆိုတင်သွင်းလာပါစေ၊အရှင်မင်းကြီးက မိန့်ကြားတော်မူသည်။

" ယနေ့ယခုအချိန်မှစ၍ ဂိုဂူလျောတိုင်းပြည်၊ကျွန်ုပ်ပတ်ချန်းယောလ် နန်းတည်သည့်အချိန်မှစ၍ ဂိုဂူလျောတိုင်းသူပြည်သားများအား မင်းအာဏာဖြင့် အမိန့်ချမှတ်မည်။ဤနေ့ဤရက်မှစ၍ ပြည်သူပြည်သားများတစ်လင်တစ်မယားစနစ် စတင်ကျင့်သုံးရမည်၊ငြင်းဆန်လာသည့်သူများကို ပြည်နှင်ဒဏ်ပေးမည် "

" ဒူ ဝေ ဝေ !!! "

အရှင်မင်းကြီး၏ နှုတ်ထွက်တော်စကားအဆုံးမှာ ပေါ်ထွက်လာတဲ့နန်းတွင်းအောင်စည်အောင်မောင်းရဲ့အသံက နန်းတွင်းရင်ပြင်မှတစ်ဆင့်ပြည်သူပြည်သားများစီသို့။

" အရှင်မင်းကြီးပတ်ချန်းယောလ်..
သက်တော်ရာကျော်ရှည်ပါစေ..."

သိပ်မကြာမှီညီလာခံအစည်းအဝေးကနေ ကတိုက်ကရိုက်ထွက်ခွာသွားတဲ့ အရှင်မင်းကြီးပတ်ချန်းယောလ်။သေချာတာပေါ့အရှင်မင်းကြီးက သူ့နန်းဆောင်ကိုခပ်မြန်မြန်ပြန်ကြွချီတော့မယ်ဆိုတာ။ဒီပုံစံဒီအနေအထားကိုကြည့်လိုက်ရုံနဲ့ အရှင်မင်းကြီးက အရှင့်ဧကရီနဲ့မနေ့ညကအိပ်ဆောင်အတူဝင်ကျပုံပင်။အင်း..ဒါပေမယ့်လည်း အရှင်မင်းကြီးရဲ့ဒီလိုပျာယာခတ်နေတဲ့ပုံစံက တစ်ပတ်မှာ၃ခါမျှ..အဲ ၄ခါမျှ၊တနည်းအားဖြင့် ၇ရက်မှာ ၃၊၄ရက်မျှသူတို့တွေ့မြင်နေရသည်။

အရှင် ... 🔱 🔥 { Completed }Where stories live. Discover now