အပိုင်း - ၂၁

862 87 31
                                    

သူ့ကိုကျောခိုင်းသွားခဲ့တဲ့ ကျောပြင်ငယ်..တားစီးပစ်ချင်ပေမယ့် မဖြစ်နိုင်ခဲ့ဘူး။ကျန်ရစ်ခဲ့တဲ့အချိန်၊ကျစ်ရစ်ခဲ့ရတဲ့အရသာကို သူတကယ်မကြိုက်ဘူး၊လုံးဝ လုံးဝမနှစ်သက်ဘူး။

အနွေးလုံးလေးသာ သူ့ကိုတကယ်ကြီးထားရစ်ခဲ့ရင်၊တစ်သက်လုံးမတွေ့နိုင်တဲ့နေရာတစ်ခုကို ထွက်ပြေးသွားခဲ့ရင်...ဟင့်အင်းဘယ်တော့မှမဖြစ်စေရဘူး။သေရည်အိုးကို စားပွဲပေါ်စောင့်ချပစ်လို့ တွေးနေပြီ၊သူဘာလုပ်ရမလဲ၊သူဘာဆက်လုပ်သင့်လဲ ဆိုတာကိုသူစတင်ပြီး တွေးနေပြီဖြစ်သည်။၁၀ရက်ကြာသည်ထိတိုင် အနွေးလုံးလေးက တနည်းအားဖြင့် ကိုယ်တော့်ဧကရီက ကိုယ်တော့စီပြန်ရောက်မလာခဲ့ဘူး။အခြေအနေအချို့ကြောင့် ပြန်ရောက်မလာနိုင်သေးတာသိတယ်၊သို့ပေမယ့် သူကလက်မခံချင်ဘူး။ဖြစ်နိုင်ရင် သွားပြီးဆွဲခေါ်လာချင်မိတယ်၊ပြီးတော့ တစ်ဘဝလုံးစာ၊တစ်သက်လုံးစာ အနွေးလုံးလေးကို ဘယ်မှထွက်မသွားနိုင်ဖို့ တနည်းအားဖြင့် ကိုယ်တော့ဧကရီကို ဖွက်ထား၊သိမ်းထားချင်မိခဲ့သည်။

ဂိုဂူလျောမင်းကြီးနဲ့ကိုယ်ရံတော်ရွှမ်တို့နှစ်ယောက်တည်း ညသန်းခေါင်ယံအချိန်မှာ နန်းတွင်းကနေစတင်ထွက်ခွာလာခဲ့သည်။ဦးတည်ချက်က နတ်နန်းသခင်မနေသော တောနက်ထဲကဘုံဗိမ္မာန်တစ်ခုသို့သာ..ညသန်းခေါင်ယံတောနက်ကြီးထဲ မြင်းခွာသံခပ်ပြင်းပြင်းတွေ သောသောညံလို့ နေနေသည်။

" ရောက်ပါပြီ အရှင်မင်းကြီး! "

" ကောင်းပြီ "

အနက်ရောင်ဝတ်ဆင်ထားတဲ့
လူနှစ်ယောက်က နတ်နန်းသခင်မနန်းဆောင်စီ ခပ်သွက်သွက်လှမ်းနေခဲ့သည်။နတ်ဆောင်အခန်းတံခါးတွန်းဖွင့်လိုက်သည်နှင့် နတ်နန်းသခင်မက အပြုံးတစ်ခုနဲ့ဆီးကြိုနေခဲ့သည်။

" ရောက်လာပါပြီလား အရှင်မင်းကြီး!"

" အင်း..."

နတ်နန်းအခန်းထဲက နတ်ဆရာမငယ်တွေကိုဝေ့ကြည့်လို့ ခွန်းတုန့်ပြန်ဆိုမိသည့်အခါ နတ်နန်းသခင်မက အရှင်မင်းကြီးအလိုကျ နန်းဆောင်ခန်းထဲက နတ်ဆရာမငယ်တွေကိုထွက်သွားဖို့ အချက်ပြလိုက်လေသည်။

အရှင် ... 🔱 🔥 { Completed }Where stories live. Discover now