Unicode..
သွေးစက်လက် ကျနေသည့် ဓား၏ လက်ကိုင်ကို ကိုင်၍ ကြောက်လန့်တုန်လှုပ်နေသည့် အရှေ့က သူ၏ ၀မ်းဗိုက်တည့်တည့်သို့ ထိုးခွဲချလိုက်သည်။
နာကျင်မှုကို အံတု၍ လည်ချောင်းကွဲမတက် အော်နေသော်လည်း အ၀တ်ပိတ်ထားသည့် ပါးစပ်ထဲမှ ငြေးသံ တိုးတိုးလေးသာ ထွက်လာခဲ့သည်။
ကြိုးများချည်နှောင်ထားသည့် ခြေလက်တို့သည် ပွန်းပဲ့ဒဏ်ရာများ ရသည်အထိ ရုန်းကန်သော်လည်း အရာမထင်ပေ။
ထိုလူ၏ မျက်စောင်းထိုး၌ရှိသော ဆိုဖာပေါ်တွင်သို့ မေးဖျားထောက်၍ ကြည့်နေသူဖြစ်သည့် နေ့မင်းသစ် ထံမှ မေးမြန်းသံထွက်လာ၏။
"ဒီလောက်ဆို လုံလောက်ပြီလား ဉက္ကဌကြီး..
ခင်ဗျားတို့က ကျုပ်ဂိုဏ်းကို သစ္စာဖောက်ဖို့ ဘယ်က သတ္တိတွေများရလာရတာလည်း..""အု.. အွတ်.. အု.."
ထိုလူ၏ ပိတ်ထားသည့် အ၀တ်ကြားမှာ ကြောက်လန့်တကြား အသံကြောင့် နေ့မင်းသစ် လက်မြှောက်၍ အမိန့်ပေးသံဖြင့်ဆိုလိုက်သည်။
"အ၀တ်ကိုဖြုတ်ပေးလိုက် Sana ။ ရုန်းကန်တာမျိုး အာခံတာမျိုးလုပ်ရင် တစ်ခါတည်း သတ်ပြစ်လိုက်..."
"နားလည်ပါပြီ သခင်.."
ကိုယ်ကျပ်၀တ်စုံအပြာရင့်ရင့်ကို ၀တ်ထားသော ခါးထိရှည်သည့် ဆံနွယ်များကို မြင့်မြင့်စည်းနှောင်ထားသည့် မိန်းမလှလေး Sanaဖြစ်သူသည် မျက်နှာတစ်ချက်မပျက်ဘဲ ထိုင်ခုံ၌ ထိုင်နေသော သူ၏ အ၀တ်စများကို ဆွဲဖြုတ်လိုက်၏။
"တောင်းပန်ပါတယ်!! ကျွန်တော်တောင်းပန်ပါတယ် သခင်.. တောင်းပန်ပါတယ် ကျွန်တော်ကို မသတ်ပါနဲ့ တောင်းပန်ပါတယ် တောင်းပန်ပါတယ်။"
ထပ်ခါထပ်ခါ ထိုစကားများကိုသာရေရွတ်နေခဲ့ပြီး ယောင်္ကျားရင့်မာကြီးဖြစ်သော်လည်း ရှိုက်သံများထွက်သည်အထိ ငိုနေသည်။ သို့သော် ထိုနေရာမှာ သူ့ကို သနားမည့်သူမရှိပေ။
Sana မျက်မှောင်တစ်ချက်ကျုံ့၍ ထိုသူ၏ ၀မ်းဗိုက်ရှိ ဓားကို ဆွဲထုတ်လိုက်သည်။ အသည်းခိုက်လှသည့် နာကျင်မှုများသည် ဓားထိုးခံရသည့် နေရာမှတစ်ဆင့် ဖြည်းဖြည်းချင်း ပျံလာသလို ခံစားမိသော်လည်း ထိုသူအော်ဖို့ နေနေသာသာ ဒူးထောက်ထားသည်ကိုတောင် မပျက်ကွက်ရဲပေ။
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...