Unicode.
"ကောင်းမွန်တဲ့ပူပေါင်းခြင်းလေးဖြစ်ခဲ့ပါတယ် သွေးဘုရင်-စစ်"
"အင်း.."
"Jနိုင်ငံရဲ့သမ္မတက ဘုရင်အားလပ်ရင် နိုင်ငံကိုအပန်းဖြေဖို့လာလည်လို့ရကြောင်းပါ သတင်းပါးလိုက်ပါတယ်"
"လာဖို့အစီအစဉ်မရှိဘူးပြောလိုက်"
စစ်၏ပြတ်သားစွာငြင်းဆိုသံကို အရှေ့ရှိJနိုင်ငံ၏လူမှာအပြုံးတစ်ပွင့်ဖြင့် ထိုအသုံးအနှုန်းများကိုသတိမထားမိလိုက်သည့်ဟန်ပေ။
"သမ္မတကိုပြန်တင်ပြလိုက်ပါ့မယ်။ သာယာတဲ့နေ့ကလေးတစ်နေ့ဖြစ်ပါစေ။"
Jနိုင်ငံရှိလူသည်ဉီးညွှတ်၍နှုတ်ဆက်သည့်အခါ စစ်သည်တော့ခေါင်းတစ်ချက်သာငြိမ့်ပြကာအသိအမှတ်ပြုလိုက်လေ၏။ သို့သော်ထိုသူလှည့်ထွက်သွားသည်နှင့် စစ်၏ပျင်းရိပျင်းတွဲဟန်ပန်သည် လေးနက်သွားရပြီးလှမ်းကာပြောလိုက်လေ၏။
"ရပ်"
ထိုသူသည်လှည့်ကြည့်လာလေ၏။
"ဘာမှားလို့လဲသွေးဘုရင်"
စစ်သည် ဘေးပတ်ပတ်လည်တွင်ရှိနေသောတောင်တန်းများကို မျက်လုံးဝေ့ကြည့်ကာ ခေါင်းကိုအသာငေါ့ပြလိုက်သည်။ အပိုစကားတစ်ခွန်းမှတော့မပြောလိုက်ပေ။
Jနိုင်ငံရှိလူသည်လည်း သတိအပြည့်ဖြင့်ဖြစ်သွားရပြီး သူနှင့်အတူပါလာသောလူများမှာလည်း သေနတ်မောင်းကိုအဆင်သင့်အနေအထားပေ။
"ဘယ်သူလဲအခုချက်ချင်းထွက်ခဲ့!!!"
Jနိုင်ငံ၏လူအော်သံသည်တောင်တန်းများကြားပဲ့တင်သွားရ၏။ သို့သော် မြေပြင်တွင်ကျောက်ခဲတစ်တုံးတောင်ရွေ့မသွားပေ။
"မင်းတို့ရှိနေတာကိုသိတယ်! အခုထွက်လာခဲ့!"
Jနိုင်ငံ၏လူထပ်မံအော်လိုက်သော်လည်း လှုပ်ရှားမှုကထွက်မလာခဲ့ပေ။
စစ်သည်တောင်တန်းများရှိတစ်နေရာတည်းကိုဘဲဉီးတည်ကြည့်လျက် သူ၏တည်ငြိမ်သောအသံသည်ထွက်လာခဲ့သည်။
"ထွက်လာခဲ့"
စစ်၏အသံအဆုံးတွင် တိတ်ဆိတ်နေသောပတ်၀န်းကျင်တွင် ခြေယှက်၍လျှောက်လှမ်းလာသောအသံများ အထင်းသားကြားနေရလေသည်။ စစ်ကြည့်နေသည့်နေရာမှ အရိပ်နှစ်ခုထိုးထွက်လာသည့်အတွက် လူအပေါင်း၏ သေနတ်ပေါင်း၀သည်လည်း ထိုနေရာကိုချိန်လျက်...။
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...