Unicode
တစ်လခန့်ကြာသော်...
"အင်းဟုတ်တယ် ဒီကိုဘဲလုပ်ရမဲ့အလုပ်တွေပို့ပေး။ မမ မေးနေရင် စာချုပ်ချုပ်စရာရှိလို့ ခရီးဝေးသွားတယ်သာပြောပေး"
(နားလည်ပါပြီboss ကျွန်တော်နဲ့ အမsana တကယ်လိုက်လာစရာမလိုဘူးပေါ့နော်)
"အင်း။ လုပ်စရာရှိတာလုပ်တော့"
(အဆင်ပြေတဲ့ခရီးလေးဖြစ်ပါစေboss)
နေ့ဖုန်းကိုစားပွဲပေါ်ကိုပြစ်တင်၍ ရေခရားထဲမှရေတစ်ခွက်ငှဲ့ကာ မနက်ခင်းတစ်ခုကိုရေအေးအေးလေးဖြင့်သာအစပြုလိုက်လေသည်။
နေ့သည်ရေခဲသေတ္တာဆီသို့ေလျှာက်လှမ်းသွားကာ အထဲမှ လတ်စပ်နေသောဟင်းရွက်များနှင့် အသားတစ်ချို့ကိုထုတ်ကာ ကျွမ်းကျင်စွာလှီးလိုက်လေသည်။ အသားပေါ်တွင်အကြော်မုန့်လေးများကို ခပ်ထူထူကပ်လိုက်ပြီး ဆူပူပူထဲထည့်ကာ အသားနှင့်တကွ အရွက်တို့ကိုပါ သင့်လျော်စွာကျော်ပြီးသည့်အခါ ဆီအနည်းငယ်နှင့် နှစ်သက်ရာအရသာအရည်တစ်ချို့ထည့်၍ ထပ်ကြော်လိုက်သည့်အခါတွင် ဉီးစွာချက်ထားပြီးလေသောထမင်းဖြူနှင့်တွဲစားရန်အတွက်သင့်လျော်လှသော အသားနှင့်အရွက်ေကြာ်လေးသည် ရိုးရှင်းစွာဘဲပြီးဆုံးသွားခဲ့လေသည်။
ထောပတ်သီးတစ်လုံးကို blunder ဖြင့်ကြိတ်ကာ နို့ဆီအနည်းငယ်ထည့်ဖျော်ထားသော သဘာ၀ထောပတ်သီးဖျော်ရည်သည်လည်းအဆင်သင့်ဖြစ်ခဲ့လေသည်။Rနိုင်ငံတွင်ပထမဆုံးပြုလုပ်ခဲ့သည့် မနက်စာလေးနှင့်အတူ ခန့်ညားလှသောအမျိုးသားသည် မှန်ပြတင်းပေါက်ကြီးမှတစ်ဆင့်မြင်နေရသောမြင်ကွင်းကိုရှုစွာကာဖြင့် သင့်တယ်စွာစားသောက်နေခဲ့သည်။
ဘေးတပါးမှရပ်ကြည့်မည်ဆိုလျင်အလွန်ပင်ပြည့်စုံလှသော မြင်ကွင်းဖြစ်ပါသော်လည်း ထိုအမျိုးသားမျက်၀န်းလှလှများ၏ဉီးတည်ရာဆီကိုကြည့်မည်ဆိုလျင် လွဲမှားနေသောအရာသည်ကျိန်းသေတွေ့ပါမည်။ အရသာရှိ၍ ခပ်မွှေးမွှေးအနံ့များတောင် ကြည်စယ်နေသော်ထိုမနက်စာနှင့် ကြည့်ရှုနေလေသောမြင်ကွင်းသည် မအပ်စပ်ရုံသာမက အရသာရှိသောမနက်စာကိုတောင် ပျက်ယွင်းနိုင်သည်အထိဆိုးပါသည်။
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...