EP.13

1.2K 71 3
                                    


Unicode..

ဒီလိုနှင့် ရက်တိုင်း ရက်တိုင်း ‌စစ်သည် ကလေးလေးကို စကားသွားပြောသော်လည်း ကလေးလေးသည် ခေါင်းညိမ့်၊ ခေါင်းခါရုံသာ တုံ့ပြန်ပြီး စစ်ကို စကားမပြောပေ။ စစ်မသိလိုက်ခင်အချိန်မှာဘဲ.. စစ်၏ စားစရာများသည်လည်း ကလေးလေးလို များပြားပြီး၊ ကောင်းမွန်သော အစားအသောက်ဖြင့် ပြောင်းလဲသွားလေ၏။ ‌ရက်တိုင်း အသစ်အသစ်ရောက်လာသော ကလေးများနှင့် ခေါ်ယူသွားကြသော ကလေးများကြား စစ်နှင့် ကလေးလေးသည်တော့ ရေတွင်းထဲတွင် ပုံမှန်အတိုင်းသာ ဖြတ်သန်းနေရသည်မှာ မည်သည့်အတွက်ကြောင့်မှန်း ငယ်သေးလှသည့် စစ် သေးသေးလေးသည်အဖြေမရှာနိုင်ခဲ့။

နှစ်လလောက်ကြာသည့်အခါ ဒယ်ဒီတို့သည် စစ်ကို ရှာတွေ့ပြီး၊ ကယ်တင်ခဲ့ကြသလို၊ စစ်တောင်းဆိုမှုကြောင့် ကလေးများကိုလည်း ကယ်တင်ပြီး ဒယ်ဒီ့အပိုင်ဆေးရုံသို့သာ ပို့ပေးခဲ့ကြ၏။
စစ်တွင် ဒဏ်ရာများမရှိသော်လည်း စိတ်ဒဏ်ရာရသွားမည်ကို စိတ်ပူသော ဒယ်ဒီတို့သည် စစ်ကို 1ပတ်လောက်ထိ ဆေးရုံကပေးမဆင်းခဲ့ပေ။ ထို့ကြောင့် စစ်လည်း မလွန်ဆန်နိုင်ဘဲ ဆေးရုံ၌ အောင့်အင်းကာနေနေရ၏။ စစ် ဆေးရုံမှဆင်းလာခဲ့သည့် အချိန်တွင် ကယ်ဆယ်ပြီးသည့် သူများထဲမှ ကလေးလေးကိုရှာတော့လုံး၀မတွေ့ပေ။ ထို့ကြောင့် စစ် လူကုန်ကူးဂိုဏ်းကိုသွားကာ ပြန်ရှာ၏။ လူကုန်ကူးဂိုဏ်းကိုရောက်သည့်အချိန် ထိုဂိုဏ်းသည် ဖြတ်သိမ်းလိုက်ပြီဖြစ်ကြောင်းသိလိုက်ရ၏။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းခေါင်းဆောင်ကို လူတစ်ယောက်မှ လုပ်ကြံသတ်ဖြတ်သွား၍ဖြစ်၏။

ထိုမှစ၍ စစ်သည် ခေါင်းမရှိသည့် ကြက်လို မည်သည့်နေရာမှစ၍ စရှာရမှန်းမသိပေ..။ စစ်မှတ်မိသည်မှာ လမင်းကြီးလိုကြီးမားသည့် မျက်လုံးများနှင့် ကျောပေါ်ရှိ ဒဏ်ရာအကြီးကြီးပင်ဖြစ်၏။

10နှစ်နီးပါးကြာသည်အထိ စစ် ထိုကလေးလေးကို လိုက်ရှာသေး၏။ စစ်သိလိုက်သည်မှာ ကလေးလေးနောက်ကျောရှိ ဒဏ်ရာသည် ထိုလူကုန်ကူးဂိုဏ်း၏ အမှတ်အသားတစ်ခုဖြစ်၏။ ဂိုဏ်းရှိလူတိုင်း ထိုအမှတ်အသားတစ်ခုဆီရှိသလို အမှတ်အသားတိုင်းကိုလည်း ပုခုံး၌ တက်တူးပုံစံထိုးရခြင်းဖြစ်၏။ သို့သော် ကလေးလေးအမှတ်အသားသည်တော့ ဓားတစ်ချောင်းဖြင့် ဆွဲခြစ်ထားမှန်းသိသာလှ၏။ ထို့အပြင် စစ်သိခဲ့ရသည်မှာ စစ်ဆီသို့ တစ်နေ့တစ်ခြား ပိုကောင်းလာသည့် အစားအစာများနှင့်၊ 2လတိတိအရောင်းအစားမခံရဘဲနေနိုင်သည်မှာ စစ်ကိုအမြဲ လျစ်လျှူရှုထားသည့် ကလေးလေးကြောင့်ဟူ၍လည်းသိရသည်။ သို့သော် ထိုကလေးလေးသည် မည်သူမည်ဝါဟူ၍မသိခဲ့ရပေ..။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now