Unicode..
တွန့်ရှုံ့နေသောမျက်ခုံးတန်းနှင့် ဖတ်လက်စစာအုပ်ကို စားပွဲပေါ်သို့ ဒုန်းခနဲဒိန်းခရဲပြစ်ချလိုက်သည်မှာ 5ကြိမ်မြှောက်သာရှိလှပေ၏။ ကန်တင်း၏အ၀င်၀ကိုပြန်လှည့်ကြည့်ရင်းနှင့် မျက်နှာသည်လည်းခပ်ဖွဖွစူပုတ်သွားသူသည် ကျိုးစစ်သာဖြစ်ပေသည်။
မနေ့ကည၌ အစိုးနှင့် အရက်ပြိုင်သောက်ရာ၌ ညတော်တော်နက်မှ နှစ်ယောက်လုံးမူးမှောက်ကာအိပ်ပျော်သွားကြ၏။ ဘေးဘက်၌ အမျိူးစုံအကြောင်းပြပြီး တားနေသော မန်းမန်းကိုတောင် စစ်သည်လက်သီးဖြင့်ခြိမ်းခြောက်ခဲ့ပြီး အစိုးသည်လည်းဝူးဝူးဝါးဝါးအားပေးကာ ထို့ထို့သည်တော့ ပွဲကြည့်ပရိတ်သက်ပေါ့...။
ထိုလိုနှင့် ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပြီး မနက်ကျ၌လည်း နီရဲနေသောမျက်၀န်းအစုံနှင့် ကျောင်းသို့အသေအလဲပြေးရ၏။ ယခင်တုန်းကဆိုပါလျင် မည်သည်ကိုမှမတွေးဘဲ စစ်အတန်းပျက်ပြစ်မည်ဖြစ်သော်လည်း ယခုတော့တစ်ဉီးတည်းသောသူလည်းရှိနေတော့ အရင်လိုလက်လွှတ်စပယ်မနေနိုင်တော့ပါ။ နောက်ကျလျင် ဆူကောက်မည့်တစ်ယောက်သောသူကိုစဉ်းစားရင် ခပ်ဝေဝေဖြစ်နေသောခေါင်းကိုလည်း မမူနိုင်ဘဲ လီမွန်တီး တစ်ခွက်မှာကာဖြင့် ဟောဟိုက်စိုက်ကာ စောင့်ရင်းမျှော်နေမိသည်မှာ သစ်ကုလားအုတ်လည်ပင်းထက်တောင် ရှည်လှပေမည်...။ယခုဆိုလျင် စစ်စောင့်နေမိသည်မှာ 10မိနစ်ခန့်သာရှိသေးသော်လည်း.. နေ့မင်းသစ်၏ အကျင့်များကူးသွားလို့ထင်ပါသည် ခါတိုင်းလိုလဲစိတ်မရှည်တော့ဘဲ.. တွေ့သမျှလူတိုင်းပတ်ရမ်းချင်စိတ်၀င်လာသည်။
"ဒီမှာ အရှေ့ကလူ.. ကျွန်တော်...ထိုင်စရာနေရာမရှိလို့ ထိုင်လို့ရမလားဗျ.."
"မရဘူး! မထိုင်နဲ့ သွား!"
စူပုတ်စွာဖြင့်.. စာအုပ်သို့အကြည့်ပြန်စိုက်နေသော စစ်သည် ဖျော့တော့ပြီးယဉ်ကျေးနေသည့် အသံပိုင်ရှင်ကိုလည်းဂရုမစိုက်ဘဲ လေသံခပ်မာမာဖြင့်သာ ပြန်ပြောလိုက်၏။
"တကယ်မရဘူးလားဗျ... ရှေ့ကလူထိုင်ခုံမှာက လေးခုံတောင်ရှိသေးတာကို.. ကျွန်တော်တို့မှာ ကျွန်တော်အပါအ၀င် ၂ယောက်ဘဲပါတာပါ.. ရှေ့ကလူကိုလည်း ကျွန်တော်တို့အနှောင့်အယှက်မဖြစ်စေရပါဘူး.. ကျေးဇူးပြုပြီး ထိုင်ခိုင်းလို့မရဘူးလားဟင်.."
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...