EP.15

1.2K 67 0
                                    

Unicode..

"မမဖြူ.. ဟိုမှာ.. သစ်ကလေး.."

တည်တင်းနေသည့် နှင်းစက်ခမျက်နှာတွင် အံဩဝမ်းသာရိပ်လေးသန်းသွားကာ ဝိုင်းတစ်ဝိုင်းသို့ လက်ညိုးညွှန်ပြလိုက်၏။ ခ လက်ညိုးညွှန်ရာနောက် ဝိုင်းရှိလူတိုင်းလိုက်ကြည့်လိုက်ရာ စစ်သည်လည်း ခေါင်းလေးအသာစောင်း၍ လိုက်ကြည့်မိ၏။

ထိုဝိုင်းထဲတွင် လူသုံးယောက်ရှိနေပြီး စစ်၏ အာရုံသည် အလယ်တွင်ထိုင်နေသည့် သူဆီသို့ အကြည့်များနစ်မြုတ်သွား၏။ အနက်ရောင်ဆံပင်များကို လှန်တင်ထားသည့်အတွက် ကပို့ကရို့ဘေးဘက်သို့ကျနေ၏။ အနည်းငယ်ပူပြင်းလှသည့်နေကြောင့် ကောင်လေးမှာ နဖူးများချွေးတို့ဆို့နေရ၏။ ခါတိုင်းလို အဖြူရောင်သိပ်ကြိုက်သည့် ကောင်လေးသည် ယနေ့လည်း အဖြူနှင့်ဂျင်းကို တွဲဖက်စွာဝတ်ဆင်ထား၏။ လေပူတစ်ချက်တိုက်တိုင်း အချင်းချင်းထိသွားသည့် နားဆွဲအဝိုင်းများသည်တော့ ကောင်လေး၏ ချောမောမှုကိုပို၍ ပံပိုးပေး၏။ ထိုသည်မှာ လွန်ခဲ့သော နှစ်ပတ်ခန့်က ဘား၌တွေ့ခဲ့သော ကောင်လေးဖြစ်သည်ကို စစ်သတိထားမိလိုက်၏။ ထို့နောက် စစ် မသိစိတ်၏လှုံဇော်မှုအရ  တိုးညှင်းစွာ‌ရေရွတ်လိုက်မိ၏..။

"ကောင်လေး..."
__

"ဟယ်လို ဂျူနီယာလေးတွေ တို့အဖွဲ့ ဒီဝိုင်းမှာ joinလို့ရမလား.."

အိန္ဒြတစ်ခွဲသားနှင့် ဟိတ်ကြီးဟန်ကြီးတပ်ထားသော မျက်မှန်တစ်စုံနှင့်ဆန့်ကျင်စွာ နှင်းရီ၏ အရိုင်းဆန်ပြီးလှ‌ပသော ခန္ဓာကိုယ်သည်ဆန့်ကျင်ဘက်ဖြစ်သော်လည်း သူမ၏နူးနူးညံညံစကားကိုမည်သူမှ မအာခံနိုင်လောက်ပေ။ သို့သော် နေ့၏ ဝိုင်းတွင် နှင်းရီကိုအဖက်လုပ်လှည့်ကြည့်သည်မှာ ကောင်းသန့်တစ်ယောက်သာရှိ၏။

မိန်းမလှလေးတစ်ယောက်ကိုမြင်သည့်အခါ ကောင်း၏ အကြည့်ထဲတွင် အလင်းတို့ဖျက်ခနဲ...။

"ရတာပေါ့.. ရတာပေါ့..။ မိန်းမလှလေးပါရင် ဒီလူ့ဘက်က ယှဉ်ယှဉ်ကျေးကျေးလက်ခံတာပေါ့ဗျာ.."

"ခစ်ခစ်.. ဂျူနီယာလေးက သိပ်ကိုယှဉ်ကျေးတာဘဲ။ မမတောင် ဖိုးတိုးဖက်တက်ဖြစ်သွားပြီ..ခစ်ခစ်"

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now