Unicode..
ပတ်တီးဖြူများကို လျော့တိလျော့ရဲ စီးနှောင်ထားသည့်
နေ့မင်းသစ်သည် တံခါးတစ်ခုရှေ့ တုံ့ဆိုင်းစွာ ရပ်နေမိသည်။တွန်းဘဲဖွင့်လိုက်ရမလို ပြန်လှည့်ရမလိုလိုဖြင့် တွေဝေစွာရပ်နေသည်မှာ 10မိနစ်ခန့်တောင် ရှိတော့မည်။
အသက်ကို ပြင်းပြင်းရှူ၍ နေ့ လက်သီးဖွဖွဆုပ်ကာ တံခါးကိုခေါက်လိုက်၏။ အခန်းပိုင်ရှင်သည် တံခါးမခေါက်ဘဲဝင်ရင် ကြိုက်မည်မဟုတ်..။
"ထူးထူးခြားခြား တံခါးတွေ ခေါက်နေပါလား..."
အစီအငေါ်မတည့်သော စကားစုများသည် တံခါးဖွင့်သံထက် ဉီးစွာထွက်ပေါ်လာသည်။ ခပ်သင်းသင်း ကော်ဖီရနံ့သည် ဉီးစွာစီးကြိုလျှက် ကော်ဖီတစ်ခွက်ကိုင်ကာ ထားသည့် ကျိုးစစ်သည် နေ့၏ ရှေ့၌ ရပ်ကာနေလေ၏။
ကျိုးစစ် ဆက်၍မေးလိုက်သည်။
"ဘာကိစ်စလဲ.."နေ့ ကော်ဖီခွက်ကို ကြည့်၍ အလိုမကျစွာပြောလိုက်၏။
"ခင်ဗျား.... ကော်ဖီတွေဘဲ သောက်မနေနဲ့.."
"ဒါဆို မင်းလည်း ဆေးလိပ်လျှော့သောက်လေ.."
နှုတ်ခမ်းထောင့်၌ ပေနေသည့် ကော်ဖီအစွန်အထင်းကို ကျိုးစစ် လျှာဖြင့် တစ်ချက်သက်လိုက်သောအခါ နေ့သည် ချက်ချင်းအကြည့်လွှဲလိုက်သည်။
"ခင်ဗျား ကော်ဖီအသောက်လွန်ပြီး သေသွားမှာမို့လို့ပြောနေတာ!!"
"စိတ်ပူတာလား..ဘာလား.."
"တော်စမ်းပါ..!ကျွန်တော့်လက်နဲ့ မသတ်လိုက်ရမှာမို့လို့ပြောနေတာ.."
ကျိုးစစ် ခေါင်းသာညိမ့်ပြလိုက်ရင်း ပြုံးစိစိဖြင့် ကော်ဖီကို တစ်ငုံသောက်လိုက်ပြန်သည်။
နေ့မင်းသစ်သည် ပြန်မပြော နားမထောင်သည့် ထိုသူ့ကို မည်သောအခါမှမနိုင်..။ စိတ်မထိန်းနိုင်သည့်အခါ ပစ္စည်းတွေကောက်ခွဲ၊ ရိုက်ချိုးခြင်းတွေလုပ်မိသော်လည်း မည်သည့်အခါမှ ကျိုးစစ်ကို ထိခိုက်လွန်းအောင်မလုပ်ပေ။ ကျိုးစစ်သည်တော့ ထိုသို့မဟုတ်..သူသည်စိတ်ထဲရှိရာမှန်သမျှ အကုန်လုပ်သည်။
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...