Unicode..
စိတ်လှုပ်ရှားစိတ်များကို ကော်ဖီဖြင့် မျှောချကာ နေရောင်ခြည်တို့ ဖျာထွက်နေသည့် လမ်းမကြီးကို အသာလေးငေးလိုက်မိသည်။ ချောင့်ကျကျနေရာထဲ၌သာ ရွေးထိုင်သော နေ့ကို လည်ပြန်စောင်းငဲ့ကြည့်နေသူမှာလည်း အများအပြား..။
ရုပ်ရည်လေးက ချောမောကာ စတိုင်ကျကျ၀တ်ဆင်ထားသော နေ့သည် တစ်ယောက်တည်းသာ ထိုင်နေသောကြောင့် လာကြောင်ချင်သည့် သူများကိုလည်း တင်းနေအောင် တည်ထားသော မျက်နှာနှင့်သာ အသံတိတ်ငြင်းဆိုရ၏။
Cafeဆိုင်လေး၏ တံခါးပွင့်သွားတိုင်း မျက်၀န်းထောင့်မှ ကြည့်ချင်နေမိသည်ကိုလည်း နေ့ မထိန်းသိမ်းနိုင်ပါ။
ယနေ့တစ်နေ့လုံး အသံတိတ်ဖြင့် နေ့ အမူအယာပျက်နေသည်ကို အိမ်ကလူများလည်း သိမည်နှင့်တူပါသည်။ ခါတိုင်းလိုသာ ၀တ်ဆင်ထားသော နေ့သည် မပြောင်းမလဲသာရှိသော်လည်း ပုလင်းလိုက် မှောက်ကျမတက် ဆွတ်မိထားသည့် ရေမွှေးအနံကို လျှစ်လျူရှုခဲ့လျှင်... ။ နှဖူးပြင်မို့မို့ကို ထင်းနေအောင် လှန်တင်ထားသော ဆံနွယ်များသည်တော့ ပုံသွင်းထားသော ဂျယ်လ် များခြင်းကြောင့် အနည်းငယ် စီးကပ်နေခဲ့သည်။ ပုံမှန်အတိုင်းပါဘဲ.. ၀တ်ဆင်ထားသော သာမန်ဆန်သည် နားကပ်သည်တော့ သုံည 7လုံးခန့်ရှိလောက်မည်။ ခပ်ရဲရဲနှုတ်ခမ်းများသည်လည်း ပို၍နီစွေးနေသည်မှာ နှုတ်ခမ်းပိုင်ရှင်သည် စိတ်လှုပ်ရှားခြင်းကြောင့် ဖိကိုက်ထားသည်မှာ သိသာစွာပင်။"ကောင်လေး အစောကြီးရောက်နေပါလား.."
နေ့ နောက်ကျောမှ လာသောအသံကြောင့် မျက်၀န်းလေးများ ဝင်းခနဲတောက်ပသွားရပြီး မျက်မှောင်လေးအသာကျုတ်ကာ ပြောလိုက်၏။
"ခင်ဗျား နောက်ကျတာလေ..."
"ဟုတ်ပါပြီ ထားပါတော့....။ သာယာတဲ့ မနက်ခင်းမှာ ကိုယ် ခွေးနဲ့ မကိုက်ချင်ဘူး... "
"ကျိုးစစ်..!"
အံတင်းတင်းကြိတ်ကာ ခပ်ဖွဖွ နေ့အော်လိုက်သော်လည်း ဒေါသအဟုန်တော့ မပါခဲ့ပေ။ ကျိုးစစ် ခပ်ဖွဖွသာ ရယ်မိပြီး စားပွဲပေါ်၌ အသင့်ရှိသော ယိုသုတ်ထားသည့် ပေါင်မုန့်ကို ကိုက်စားလိုက်သည်။
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...