EP.41

239 3 0
                                    

Unicode..

မှောင်ရိပ်သည် တရိပ်ရိပ်မြေပြင်ကိုဖုံးလွှမ်းချိန် ကောင်းကင်သည်တော့ လရောင်၏အကူညီဖြင့်လင်းလက်နေကာ မြောက်များစွာသောကြယ်များဖြင့် ထိန်လင်းစွာတန်ဆာဆင်ထားသည်။ ကြယ်အပြည့်ရှိသော ညကောင်းကင်၏အလှသည် Rနိုင်ငံ၏မူပိုင်အလှတစ်ခုဖြစ်ပေသည်။

ဒုစရိုက်မြို့တော်တစ်ခုသည် ထိုမျှလှပသော ညတစ်ညရှိသည့်အပြင် Rနိုင်ငံအပြင်ဘက်တွင် နေ့အချိန်၌ဆူညံမှုအပြည့်ဖြင့် လမ်းများသည်လည်း ညတစ်ညရဲ့တိတ်ဆိတ်မှုကိုအလေးထားဟန် ငြိမ်သက်စွာပင်။ နည်းပါးလှသော ဓာတ်တိုင်များကိုသာ ထွန်းလင်းထားပြီး အမှောင်ကြီးဆိုးနေသည့်Rနိုင်ငံလမ်းတွင်တော့ လမင်း၏တောက်ပသောအလင်းတောင် ဖမ်းမမိနိုင်သည့် အရိပ်တစ်ခုသည် ပေါ့ပါးစွာ နံရံများထက်ရှပ်ပြေးနေသည်ကို မည်သူမှမတွေ့နိုင်ပေ။

ခြံတစ်ခြံ၏ ခြံစည်းရိုးဘေးတွင်ရပ်တန့်သွားသောအရိပ်သည် နိမ့်ပါးလှသော ခြံစည်းရိုးကို တစ်ချက်မျှခုန်လွှားပြီး ကျွမ်းကျင်စွာ၀င်ရောက်သွားပေသည်။ ဒုစရိုက်ကြီးစိုးသည့် Rနိုင်ငံတွင် အိမ်အများစုနှင့်ခြံအများစု၏ခြံစည်းရိုးသည် မြင့်မားကာအန္တရာယ်မရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် မြင့်သောခြံစည်းရိုးဖြစ်စေ၊ နိမ့်သောခြံစည်းရိုးဖြစ်စေ.. Rနိုင်ငံရှိမည်သူမဆို ချိုးဖောက်၀င်ရောက်နိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။

ထိုအရိပ်သည် အိမ်နောက်ဖေးသို့တည့်မတ်စွာသွားပြီး ထိုအနီးအနားတွင်ရှိသော မြင့်မားသောသစ်ပင်ပေါ်ကို မျောက်တစ်ကောင်ပမာတက်သွားသည်မှာ လျင်မြန်စွာ..။

သစ်ရွက်နုများသည် ထိုလူ့ပုံရိပ်ကိုပြတ်သားစွာကာကွယ်ပေးထားကာ ထိုသူသည်လွယ်ထားသောကျောပိုးအိတ်အသေးလေးထဲမှာ မှန်ဘီလူးကိုထုတ်ကာ ကပ်၍ နေရာချိန်ကြည့်‌ေနလေသည်။ လရောင်သည် သစ်ရွက်များကြားရှပ်ပြေးရာမှ တစ်ခါတစ်ရံ ထိုသစ်ပင်‌ေပါ်မှအမျိုးသားမျက်နှာကို ကျီစယ်နေလေသည်။ လရောင်၏အကူအညီကြောင့်ဘဲ ထိုသူ့ပါးချိုင့်များကိုဖျက်ခနဲတွေ့ခွင့်ရလိုက်သည်။ ညာဘက်ပါးပြင်ရှိထိုပါးချိုင့်များခွက်နေအောင် အပြုံးသခင်သည် မှန်ဘီလူးထဲတွင်နေရာအပြည့်အ၀ယူထားလေသည်။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Donde viven las historias. Descúbrelo ahora