Unicode..
စစ်စီးသွားခဲ့သည့်ကားထွက်ခွာသွားသည်ကို နေ့မျက်စိတစ်ဆုံးလိုက်ကြည့်ပြီးနောက် အိမ်ထဲကိုပြန်၀င်ကာ ဆိုင်ကယ်တစ်စီးကိုထုတ်လျက် နေ့၏ဉီးတည်ရာမှာ Rနိုင်ငံ၏အဓိကနေရာဖြစ်သည့် Rနိုင်ငံတောင်တန်းများဆီသို့...။
မှောင်ရီစပျိုးလာပြီး ညကောင်းကင်ထက်တောင် ကြယ်များချိတ်ဆွဲထားချိန်တွင်..။
Rနိုင်ငံကိုအပေါ်စီးမှကြည့်မည်ဆိုလျင် ဓူဝံကြယ်ပမာလင်းထိန်းနေသည့်နေရာသည် တောင်တန်းများပေါ်ရှိ ပထမဂိုဏ်း3ခု၏နေရာတွင်သာ။"N.J appရဲ့ပိုင်ရှင်က Royalဂိုဏ်းခေါင်းဆောင် အလိုရှိတဲ့ သတင်းတစ်ပုဒ်သယ်ဆောင်လာတယ်လို့အကြောင်းကြားပေးပါ။"
Royalဂိုဏ်းမှ လင်းထိန်နေသော အလင်းရောင်ကြောင့် နေ့၏ပုံရိပ်သည်ပြတ်သားစွာ။ အစောင့်များသည် သေနတ်များကိုသတိရှိရှိကိုင်ထားလေပြီး နေ့ကိုအပေါ်အောက်အပြန်အလှန်အကဲခက်ဟန်ဖြင့် စူးစိုက်ကြည့်နေလေပြီး နေ့သည်ထိုအကြည့်စူးစူးများကို ကသိကအောက်မဖြစ်စွာ တည်ငြိမ်သောဟန်ပန်ဖြင့်ခံယူလိုက်လေ၏။
"ငါတို့ဂိုဏ်းရဲ့အတည်ပြုချက်မင်းမှာပါလား? မဟုတ်ရင်ပြန်လှည့်သွားတော့ "
"ဒီသတင်းတောင် Royalဂိုဏ်းခေါင်းဆောင်မလိုချင်ရင် ငါ့ခေါင်းကိုဒီမှာထားခဲ့နိုင်တယ်"
"ခဏစောင့်ပေးပါ"
အစောင့်ထဲမှတစ်ဉီးသည် နောက်ဆုတ်သွားကာ သူ၏ခါးကြားထဲမှ ဆက်သွယ်ရေးကိရိယာကိုထုတ်၍ စကားတစ်ချို့ပြောလေ၏။ ထို့နောက်အချိန်ခဏအကြာတွင် ပြန်လည်အတည်ပြုချက်ရလာကာ ထိုအစောင့်သည် နေ့ အနီးသို့လျှောက်လှမ်းလာကာ ရိုသေမှုရှိစွာဉီးညွှတ်လိုက်လေ၏။
"၀င်လာလို့ရပါပြီလူကြီးမင်း။လက်နက်ေတွယူသွားလို့မရတဲ့အတွက် စစ်ဆေးမှုခံယူပေးပါ။"
"အင်း"
နေ့ဆီကအတည်ပြုချက်ရအပြီးတွင် အစောင့်တစ်ချို့သည်အနားတိုးကပ်လာကာ နေ့ခန္ဓာကိုယ်ကို စစ်ဆေးကြလေ၏။ နေ့သည်လည်းရိုးရှင်းစွာသာ၀တ်စားလာသည့်အတွက်ကြောင့် စစ်ဆေးမှုသည်မြန်ဆန်စွာပြီးဆုံးသွားလေပြီး ပထမဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် Royalဂိုဏ်းသို့အောင်မြင်စွာ၀င်ရောက်နိုင်ခဲ့လေသည်။
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...