Unicode
ညတစ်ညရဲ့ဖော်ကျူးရာ လမင်း၀န်းကြီးသည် မြေနေရာများသို့ အလင်းများ ဖြန့်ကျက်နေကြသော်လည်း ပင်းပိတ်နေအောင် များပြားလှပေသော သစ်ပင်ကြီးများကိုတော့ ထိုးမဖောက်နိုင်ပေ။
သစ်ပင်များ၏ သစ်ရွက်ခက်များကြောင့် မြေပြင်ပေါ်သို့ ထင်ဟပ်နေသောအရိပ်များသည် လေတိုက်ခတ်လိုက်သည်နှင့်တပြိုင်တည်း သစ်ရွက်များနှင့်အတူ အရိပ်များသည်လည်း လှုပ်ရှား၊ လူးလွင့်လာကြတော့၏။
ထိုကဲ့သို့ မှောင်မိုက်နေသော လမ်းတစ်လမ်းတွင် ကားသုံးစီးသည် ပုံမှန်အမြန်နှုန်းဖြင့် စီတန်းစွာသွားနေကြ၏။
အလယ်တွင်ရှိေသာကား၏ အတွင်းထဲ၌..။
"အခုကမြေကွက်ရောင်း၀ယ်ရေးလေးဘဲလေ နေခဲ့တာမဟုတ်ဘူး.. "
"ဟင့်အင်း မြေကွက်အရောင်းအ၀ယ်လည်း အန္တရာယ်မရှိဘူးလို့ ဘယ်လိုပြောနိုင်မလဲ ကျွန်တော့် ဒဏ်ရာတွေလည်း တော်တော်ပျောက်သွားပြီဆိုတော့ အကူအညီသိပ်မဖြစ်ရင်တောင် ၀န်ထုတ်၀င်ပိုးတော့မဖြစ်ပါဘူး ကိုကိုကြီး"
"ခ ကိုယ်က၀န်ထုတ်၀င်ပိုးဖြစ်မှာဆိုးလို့ပြောနေတာမဟုတ်ဘူး ဒီအတိုင်း စိတ်ထဲမှာ တစ်ခုခုဖြစ်မယ်ထင်နေလို့.."
"အဲ့တာဆို ကျွန်တော်က ပိုလိုက်သင့်တာပေါ့.."
မှောင်မိုက်နေသော ကားထဲတွင် မိုးစက်သည် ခ ဘက်သို့ စောင်းငှဲ့ကြည့်လိုက်မိသည်။ ခ သည်လည်း မိုးစက်ဘက်သို့ စောင်းငှဲ့ကြည့်လိုက်ပြီး.. အလင်းရောင်အနည်းငယ်သာဖောက်သော နေရာထဲတွင် မျက်၀န်းနှစ်စုံသည် ထိတ်တိုက်စုံသွားခိုက်မှာဘဲ အပြုံးများကို အမှောင်ထဲတွင် ဖော်ဖော်သီသီ ထုတ်လွှင့်တော့၏။
"မင်းကတော့လေ.. ပြောမနိုင်ဆိုမနိုင်လေးဖြစ်နေတုန်းဘဲ.."
"ကိုကိုကြီး.. ဒီမြေကွက်အရောင်းအ၀ယ်ပြီးရင် ဂိုဏ်းကိုတကယ်ကြီးဖြတ်သိမ်းလိုက်တော့မှာလား.."
"အင်း.. ကိုယ်တို့အရင်လိုပြန်နေလို့ရပြီ.. လူဆိုးလေးသစ်က မင်းကိုလည်းလွမ်းနေမှာ..၊ မင်းပြန်လာရင် ဖြူကတော့ ထငိုမလားဘဲ..."
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...