Unicode...
"ဒါဆို မင်းက အင်နိုးဆန့်လေး အယောင်ဆောင်ထားတော့ပေါ့ ကျွတ်ကျွတ်.. ဖြူစင်လိုက်တာ မဲနေတာဘဲ..."
ခပ်မြူးမြူးဖြစ်နေသည့် စစ်နှင့်ဆန့်ကျင်စွာ နေ့၏ မျက်နှာသည်တော့ ပို၍စူးရဲသွားရ၏။ ဒေါသအရှိန်ကြောင့် ဆွဲကိုင်ထားသည့် ကော်လံကို နေ့ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သော်လည်း စစ်သည်အပြုံးတစ်ချက်မပျက်ပေ။ နေ့ထိုသို့ အပြုံးမျက်နှာကိုကြည့်ရင်း ဒေါသတို့ကို ရေနံဆီလောင်းလိုက်သလို ပို၍ တဟုန်းဟုန်းတောက်လာသောကြောင့် စစ်ကို အနောက်ဘက်သို့ အားစိုက်တွန်းလိုက်မိ၏။
"အ..! နေ့မင်းသစ်..!!"
နံရံနှင့် နောက်ကျောတိုက်ခိုက်မှုေကြာင့် စစ်၏ ပိရိရိအပြုံးတို့ ပျောက်သွားခဲ့ရ၏။ စူးရဲသည့် မျက်လုံးများနှင့် နေ့ကိုကြည့်တော့ နေ့သည် သူယခုမှမြင်ဖူးလေသည့် မျက်လုံးစိမ်းများေကြာင့် ဆုပ်ကိုင်ထားသည့် ကော်လံလည်းအနည်းငယ် လျော့ရဲသွားရပြီး ထွက်နေသည့်ဒေါသများသည်လည်း လောင်နေသောမီးကို ရေနှင့်ငြိမ်းလိုက်သလို ငြိမ်းသွားခဲ့ရ၏။
ထိုအချိန် စစ်လည်း တစ်ချက်ရုန်းဖယ်၍ လျော့တိလျော့ရဲသာကိုင်ဆွဲထားသည့် နေ့လက်ထဲမှ လွတ်မြောက်လာခဲ့၏။ ထို့နောက် နာသွားသည့် နောက်ကျောဘက်ကို မမှီမကမ်းပွတ်သက်၍ နေ့ကိုပြန်လှည့်လာသော မျက်၀န်းတွင် အေးစက်မှုများနှင့် ခပ်ပါးပါး နှုတ်ခမ်းများသည်လည်း မဲ့ပြုံးတစ်ခုကပ်ပါလာ၏။
"မင်းသိလား နေ့မင်းသစ် ငါအမုန်းဆုံးကလေ ငါအသားကိုနာအောင်လုပ်တဲ့သူဘဲ..။"
"..."
"ငါသတ်ခဲ့တဲ့ 50%လောက်ကလူတွေက ငါ့အသားကိုနာအောင် လုပ်ခဲ့တဲ့သူတွေကြီးဘဲ..။ အခုတော့ မင်း! မင်းပါ ငါ့အသားကိုနာအောင်လုပ်လာပြီ.."
မခံရက်စွာ လှောင်ပြုံးတစ်ခုနှင့် စစ်သည် မျက်ခုံးတစ်ဖက်ကိုလည်း အပေါ်သို့ပင့်ကာထား၏။ နေ့ကြောင့် တွန့်ကြေနေသည့် အကျီအစွန်းများကို သေသပ်စွာဆွဲဆန့်လိုက်၏။
"နေ့မင်းသစ်.. ငါ့အသားနာအောင်လုပ်တာ ဒါနောက်ဆုံးဖြစ်ပါစေ။ အေး.. နောက်တစ်ခါဆို မင်းဘယ်သူဖြစ်ဖြစ် ငါသတ်ဖို့၀င်မလေးဘူး..။"
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...