Unicode..
နေ၀င်ရီတရောတွင် ၀င်လုဆဲဆဲနေ၀င်ဆည်းဆာ၏အလှကို အပြုံးတစ်ပွင့်ဖြင့် ခံစားနေသူမှာ စစ် ပါးပါးဖြစ်သူကျိုးနံ့သာ၊ အေးချမ်းသောအလှ၊အရိုင်းဆန်သောအလှ၊ခန့်ညားမှု ဆိုသည့် စသည့်အလှတရားကိုပုံဖော်သည့် စကားလုံးတိုင်းသည် ထိုသူ့အတွက်သီကုံးထားသည့်အတိုင်းပင်၊ စစ်တောင်မှ ပါးပါး၏ ပြည့်စုံမှုကိုလိုက်မမှီတော့လောက်သည်အထိ ကျိုးနံ့သာသည် ပြည့်စုံသောသူတစ်ဉီးဖြစ်သည်။
"ပါး.."
"လာခဲ့လေ"
စစ်ရောက်နေသည်မှာ မည်သည့်အချိန်ကတည်းက ပါးပါးသည်ခန့်မှန်းထားသည်လည်းမသိ..၊ စစ်အသံကြားပြီးချင်း ချက်ချင်းနှုတ်ဖွင့်ဟလာ၏။
စစ် ပါးပါးနားသို့လျှောက်ကာ ပါးပါး နီးတူ လက်ရန်းပေါ်ကိုလက်တင်၍ ခြေထောက်ကို အနောက်သို့အနည်းငယ်ပြစ်ထားကာ ခန္ဓာကိုယ်သည် လက်ရန်း၌သာအားပြုရပ်နေသလိုပေ..။
ပါးပါးသည် စစ်အိမ်ကထွက်လာပြီးသည့်ပုံစံအတိုင်း နည်းနည်းလေးမှမပြောင်းလဲသော်လည်း၊ မတူညီသည်မှာတော့ နှုတ်ခမ်းထက်နေရာယူထားသည်မှာ ဆေးလိပ်မဟုတ်ဘဲ ချိုချဉ်သကြားလုံးအတံလေးဖြစ်သည်။
"ပါး ဆေးလိပ်ဖြတ်နေတာလား"
"ပြတ်တောင်ပြတ်နေပြီ တစ်ခါတလေ နည်းနည်းဖွာချင်လာလို့ ချိုချဉ်ဆောင်ထားတာ စားဉီးမလား"
"ဟင့်အင်း"
စစ် မတုန့်မဆိုင်းချက်ချင်းငြင်းပြစ်လိုက်သည်၊ ချိုချဉ်မကြိုက်သည်မဟုတ်သော်လည်း စားစမရှိ၍မစားချင်ခြင်းဖြစ်လေသည်။
သို့သော် စစ်လည်းယခုအချိန် ဆေးလိပ်အနည်းငယ်တော့ဖွာချင်မိသည်၊ ထို့ကြောင့် ဘောင်းဘီအိတ်ထဲတွင်ထည့်ထားသော တစ်၀က်တောင်မရှိတော့သော ဆေးလိပ်ဘူးထဲမှာ ဆေးလိပ်တစ်ချောင်းနှင့် မီးခြစ်ကိုထုတ်လိုက်သည်၊ မီးကိုမခြစ်ခင် အနည်းငယ်နှမျောစိတ်လေးက ခပ်ရေးရေးဖြတ်ပြေးသွားရသည်၊ အဘယ့်ကြောင့်ဆို ထိုပစ္စည်းနှစ်ခုမှ နေ့စံအိမ်မှ ပါလာသည့် ပစ္စည်းဖြစ်သည့်အတွက်ပင်။
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...