EP.33

505 14 4
                                    

Unicode...

မှောင်မိုက်သော ညတစ်ည..၊ ည၏မှောင်မိုက်ခြင်းနှင့်အတူ လမင်း၏ ထိုးလင်းမှု အလင်းဖျဖျတို့နှင့် ညတစ်ညကို ပုံမှန်အတိုင်းမကုန်ဆုံးဘဲ မကောင်းတာ တစ်ခုခုလုပ်ဖို့ဆိုသည့်အတွေးသည် လူတွေရဲ့ဉီးနှောက်ထဲသို့ စီး၀င်လာချိန်...။

ချောင်ကျကျ Hotel အသေးစားလေး၌..

"ကျွန်တော်မနက်ဖြန် စာချုပ်ကိုလည်း လာပို့ပေးမယ် ဟုတ်ပြီလား.. မမတောင် မမ ကတိကိုမမေ့နဲ့.."

(သိပါတယ်.. သွေးဘုရင်နဲ့ နီးစပ်ဖို့ ငါအကောင်းဆုံးကြိုးစားပေးမယ် ဟုတ်ပြီလား သတိလည်းထားဉီး..)

"ဘယ်သူက ကျွန်တော် ခြေရာဖျောက်တဲ့အချိန် မိအောင်ဖမ်းဖူးလို့လည်း မပူသင့်တာပူမနေနဲ့.. ဒါဆို bye မမ"

(အေးအေး bye.. Good night..)

"အင်း Good night, see you soon"

အီဂယ်လည်း ဖုန်းကို ဘေးသို့ ပြစ်ချလိုက်ကာ ကုတင်ပေါ်ကထကာ ကျောကုံးကိုအသာပွတ်၍ ခပ်တိုးတိုးရေရွတ်လိုကိသည်။

"နာတာ.. အပေါစားကုတင်ဆိုတဲ့အတိုင်းဘဲ သက်တောင့်သက်သာကိုမရှိဘူး"

မကျေမနပ်ရေရွတ်သံလည်းအဆုံးမှာ ခပ်လှမ်းလှမ်း ခုံသေး‌ေသးလေးထက်မှ ရေဘူးကိုဖွင့်ကာ ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်၏၊ အကျင့်ပါနေသည့်အတိုင်း ရေထဲသို့ ရေခဲတုံး၃တုံးလောက်ပါ ထည့်သောက်ပြီး စိတ်ထဲတွင် အရက်ဟူ၍သတ်မှတ်လိုက်၏။

မမကိုတောင် စိတ်မပူဖို့မှာလိုက်‌သော်လည်း ကိုယ်တိုင်သည်တော့ မသိစိတ်ကနေ သတိအပြည့်ချပ်ထား၏။ အရက်လေးနည်းနည်းသောက်လည်း ဘာမှမဖြစ်သော်ငြား၊ ဟော်တယ်ကြီးများတွင် သွားနေလည်းဘာမှမဖြစ်သော်ငြား.. မသိစိတ်ကတော့ သတိထားသည့်အတိုင်း လုပ်ဆောင်နေ၏။

တီးတောင်.. တီးတောင်..

တံခါးအပြင်မှ ဘဲလ်အသံကြောင့် အီဂယ်အနည်းငယ်အတွေးထဲမှ လန့်ကာထွက်လာခဲ့၏။ တံခါး၀ကိုစူးစူးစိုက်စိုက်ကြည့်ရင်း အချိန်အနည်းငယ်ကြာမှ သူ ညစာမှာထားမှန်းသတိတရရှိတော့၏။

လိုရမယ်ရ အိပ်ရာဘေးနားကစားပွဲရှိ ဓားသေးသေးလေးကို အိတ်ထောင်ထဲထည့်၍ ထိုအိတ်ထောင်ထဲလက်ထည့်ကာ ဓားကိုဆုတ်ကိုင်ထားရင်း ကျန်လက်တစ်ဖက်ဖြင့် တံခါးကိုဖွင့်လိုက်၏။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now