အပိုင်း-(၇)(Uni & zawgyi)

146 17 64
                                    

အပိုင်း-(၇)
unicode version

အန်ဂျလိုသည် ပြင်သစ်ကလာမည်ဖြစ်သော သူ့ရဲ့မေမေလေး ဆာရာကိုသွားကြိုရန်ပြင်ဆင်ပြီး မနက်အစောကြီးထွက်သွားလေသည်။ သူတို့ ရှား၏အိမ်တွင်သောင်တင်နေသည်မှာ ရက်အနည်းငယ်ကြာသွားပြီဖြစ်သည်။ သူတို့ဝယ်ထားသောတိုက်ခန်းကိုမှာမနေဘဲ ဒီအိမ်မှာလာနေဖြစ်တာက မှိုင်းလေးကအဖော်မက်သည်ကတစ်ကြောင်း၊ ထိုအခန်းတွင်နေလျှင် သူ့အစ်မကိုလွမ်းတာကတစ်ကြောင်းနှင့်မို့ မနေဖြစ်ကြ။

သူကားမောင်းနေရင်းက ရင်းနှီးနေတဲ့ကားလေးကိုမြင်တော့ ဘရိတ်ကိုနင်းလိုက်၏။ ကားပေါ်ကမဆင်းဘဲပေကာနေမိတော့ သူ့၏ချစ်ရသူက ရှပ်အကွက်လေးနှင့် စတိုင်ပန့်ကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး သူ့ကားဆီကိုခြေလှမ်းလာလေသည်။

"အန်ဂျလို ငါတို့စကားခဏပြောကြရအောင်"

"ကားပေါ်တက်လာခဲ့လေ"

ကားတံခါးကိုလော့ခ်ချပေးလိုက်တော့မှ ဘေးကနေရာမှာဆက်က ဝင်ထိုင်လိုက်လေသည်။

 အန်ဂလို၏လက်ချောင်းများကို ဆက်ကခပ်ဖွဖွလေးဆုပ်ကိုင်လိုက်ပြီး တစ်ခုတစ်ခုပြောချင်နေသည်ကိုမဝံ့မရဲဖြစ်နေဟန်ပင်။ သူက အသာတကြည်ပဲလက်ကိုယူပြီး နှုတ်ခမ်းဖြင့်အသာထိတွေ့ကာ နှစ်သိမ့်လိုက်ပြီး အပြုံးမဆန်သောအပြုံးတုတစ်ခုကိုလုပ်ပြုံးလုပ်လိုက်၏။

"ငါ မင်းကိုယုံပြီးသားပါ ဆက်ရာ အမြဲတမ်းလည်းယုံပေးနေမှာပါ... မင်းလုပ်သမျှတွေက စိတ်ထဲကမပါမှန်းသိနေတာမို့ အားမနာပါနဲ့ ‌မင်းပြောချင်တာကိုပြောချလိုက်ပါ တခြားသူတွေက ပြောမှသိရတာမျိုးတော့ ငါမဖြစ်စေချင်ဘူး"

"ငါ့မေမေက ငါ့ကိုလက်ထပ်စေချင်နေတယ်..."

"အင်း..."

"တကယ်တမ်းက ငါပွင့်လင်းလိုက်သင့်တာ အစတည်းကမှိုင်းလေးကိစ္စကိုလည်း မေ့မေ့ကိုပြောပြီးရင်ဆိုင်လိုက်သင့်တာ ငါမေမေ့ကိုမလိမ်ခဲ့သင့်ဘူး အခုတော့ငါ့ကြောင့် ကလေးကောမင်းကောက ခံစားနေရတယ် ငါမင်းကိုပဲလိုချင်တယ် ဒီသောက်‌ရေးမပါတဲ့မိသားစုအတုယောင်မျိုးငါမဖန်တီးချင်ဘူး"

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါWo Geschichten leben. Entdecke jetzt