အပိုင်း-(၁၀)

150 17 113
                                    

အပိုင်း-(၁၀)

လူထူထပ်တဲ့ဆိပ်ကမ်းလေးက လှိုင်းပုတ်သံသဲ့သဲ့ကိုနားထောင်ရင်းဆိုင်ထဲကပစ္စည်းများကို အန်ဂျလိုတစ်ယောက်နေရာချနေသည်။

သူ့စတိုးလေးက ယခုရက်ပိုင်းပိုအရောင်းသွက်သလိုပဲ။ အရင်က သူစိတ်ညစ်နေတာကိုဖြေသာအောင်မလုပ်ဘဲ ပိုနစ်မွန်းအောင်သာလုပ်နေမိသည့်အတွက် အကုန်လုံးက မှိုင်းလေး၏တာဝန်လိုဖြစ်နေသည်။

မှိုင်းလေးက အသက် ၁၅နှစ်ဆိုပေမယ့် သူ့အတွက်တော့ကလေးလိုပါပဲ။အခုလည်း ဘေးကနေအငြိမ်မနေဘဲ အလုပ်တွေကူနေပြန်သည်။ သူဒီကလေးရဲ့မိဘတစ်ယောက်ဖြစ်ရတာ အတော်လေးကံကောင်းတယ်ဆိုရမယ်။

ဆိုင်လေးရှေ့က စက်ဘီးဘဲလ်သံကိုကြားတော့ မှိုင်းလေးက နှာတစ်ချက်မှုတ်လိုက်သည်ကိုသူသတိထားမိလိုက်သည်။

"မှိုင်းလေး သားရဲ့ကစားဖော်တွေလား"

"အလကား အရှုပ်လေးတွေ နေ့တိုင်းလာဂျီကျနေတာ"

မှိုင်းလေးက လေသံကသာ သဘောမကျဟန် ဖြစ်နေသော်လည်းမျက်နှာက အနည်းငယ်ရွှင်လန်းနေသည်။

"သွားလိုက် ပါးပါးဆိုင်ကိုကြည့်လိုက်မယ်"

"ပါးပါးက စျေးတွေပစ္စည်းတွေအကြောင်းသိလို့လား"

မှိုင်းလေးပြောတော့မှ သူအနည်းငယ်ရှက်ရွံ့သလိုခံစားလာရသည်။ သူကတစ်ချိန်လုံးသောက်လိုက်စားလိုက် အိမ်တွင်းအောင်းလိုက်သာလုပ်နေသည်မို့ ဒီနေရာနှင့်သိပ်မရင်းနှီးတာတော့အမှန်ပဲ။

သူလည်ပင်းကိုတစ်ချက်ပွတ်လိုက်ပြီး ချောင်းဟန့်ကာ သွားတော့ဆိုသောအပြုမူမျိုးလုပ်ပေမယ့် မှိုင်းလေးကတော့ စိတ်မချဟန်။

"ရွက်တိုင်နဲ့ဆိုင်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးမေးလာရင် စတိုခန်းထဲကိုခေါ်ပြလိုက်... စတိုခန်းသော့က အံဆွဲထဲမှာ ကဒ်စနစ်နဲ့ရှင်းမယ်ဆို ဒီနေ့လက်ခံလို့မရဘူး စက်ပျက်နေတဲ့အကြောင်းကိုပြောပြီး ပါးပါးပဲအဆင်ပြေအောင်လုပ်ပေးလိုက်နော်"

"အိုကေ ပါးပါးသားလေးပျော်အောင်နေခဲ့နော်"

မှိုင်းလေးထွက်သွားတာကို မြင်တော့မှ စတိုးဆိုင်ထဲရောက်နေသောကျောင်းသူအချို့က "ချောလိုက်တာ နတ်သားလေးအတိုင်းပဲ။"

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါOù les histoires vivent. Découvrez maintenant