အပိုင်း-(၁၃)

148 18 115
                                    

အပိုင်း-(၁၃)

မှိုင်းမိုချန်းတစ်ယောက် စတိုးဆိုင်ကလူသိပ်မကျသည်မို့ casherတွင်ထိုင်နေရင်း ငိုက်မြည်းနေမိသည်။ ခုံကိုတစ်ယောက်ယောက်ကခေါက်လိုက်သည်မို့ ကြည့်လိုက်ရာ သူ့နဲ့မတိမ်းမယိမ်းကောင်လေး တစ်ယောက်က ဆေးလိပ်ဘူးကို ငွေရှင်းဖို့ယူလာသည်မို့ ထရပ်လိုက်သည်။

"မှတ်ပုံတင်တစ်ချက်လောက်ပြပေးပါ..."

"မပါလာဘူး "

"အသက်မပြည့်သေးတဲ့သူကို ဆေးလိပ်ရောင်းခွင့်မရှိတာမို့ ... မရောင်းနိုင်ပါဘူး"

ထိုကောင်လေးက ပေတေကာ ဆေးလိပ်ဘူးကိုကောက်ယူသွားမည်ပြုသောကြောင့် မှိုင်းမိုချန်းက သူ့လက်ထဲကဆေးလိပ်ဘူးကို သူ့ဘက်ကိုဆွဲယူလိုက်သည်။
ထိုကောင်လေးက သူ့ဘက်ကိုပြန်ဆွဲယူလိုက်နဲ့ အလယ်ကဆေးလိပ်ဘူးလေးကပုံပျက်ပန်းပျက်ဖြစ်သွားသည်။

ထိုကောင်လေးက မျက်ခုံးတွေကိုပင့်ကာ
"အခုတော့ ဆေးလိပ်ဘူးကအလကားဖြစ်သွားပြီ ငါလျော်ပေးရအုန်းမှာလား"

"မလိုပါဘူး အသက်မပြည့်သေးတဲ့သူကိုရောင်းခွင့်မရှိတာမို့"

မှိုင်းမိုချန်းက ဘေးနားကပီကေဘူးကိုသာကမ်းပေးလိုက်သည်။ ဆေးလိပ်အစားပီကေကို ဝယ်သွားဆိုသည့်သဘောသာ။

ထိုကောင်လေးထွက်သွားမှ သူလည်းသက်ပြင်းကိုချမိလျက်သား။ သူထိုင်ခုံမှာပြန်ထိုင်လိုက်ပြီးစားပွဲပေါ်မှောက်အိပ်လိုက်စဉ်တံခါးက အသာပွင့်သွားသည်။

သူကိုယ်ကိုမတ်မတ်ထိုင်လိုက်ပြီး သူ့ရှေ့မတ်တပ်လာရပ်သော ရှူးဖိနပ်အပြာလေးကို မြင်လိုက်ရသည်။
ဘောင်းဘီအတိုနံသာရောင်ကို ဝတ်ထားပြီးပိုလိုရှပ်အဝါကိုဝတ်ထားသောကောင်လေးတစ်ယောက်ကိုမြင်ရသည်။

"ဆေးလိပ်က အသက်မပြည့်တဲ့သူတွေကိုမရောင်းဘူးလို့ပြောပြီးပြီလေ။"
သူ့လေသံကစိတ်မရှည်စွာနှုတ်ကထွက်သွားလေသည်။ သူသေချာမျက်နှာကိုကြည့်လိုက်တော့မှ သူ့၏ဝေးကွာနေသောညီငယ်လေး လျှမ်းမိုချန်းပင်။

သူက ဘေးဘီဝဲရာကိုမျက်လုံးစွေကြည့်လိုက်ပြီး
"ဆိုင်က အဆင်ပြေလား"

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါUnde poveștirile trăiesc. Descoperă acum