အပိုင်း-(3)(Uni & zawgyi)

270 27 19
                                    

အပိုင်း-(၃)

အိမ်ခန်းထဲမှာ ခြေချိတ်ထိုင်ကာအိမ်ကြီးရှင်သခင်မသဖွယ် လက်ကြားထဲကဆေးကရက်မီးကရဲခနဲ ပြာတွေက တမြေ့မြေ့လောင်ကျွမ်းပြီးကျလို့နေသည်။ ခြံဝန်းထဲကကားသံကိုကြားမိတော့ သူမလက်ထဲကဆေးကရက်ကိုဖိချေလိုက်သည်။

အနည်းငယ် ကြေမွနေတဲ့သူမအင်္ကျီကိုဆွဲချလိုက်ပြီး နှုတ်ခမ်းစွန်တွေကိုဟန်လုပ်ကာ အကြည်လင်ဆုံးပြုံးပြီး
လင်ယောက်ျားနှင့် သားတွေကိုစောင့်မျှော်နေတဲ့အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ဟန်အပြည့်နဲ့ပေါ့။

"ပြန်လာကြပြီလား မေ့မေ့အသည်းတုံးလေးတွေလာပါအုန်း"

သူမရဲ့နွေးထွေးလှတဲ့အသံအဆုံး ညီကိုနှစ်ယောက်ကသူမရင်ခွင်ထဲကိုပြေးဝင်လို့လာသည်။ သူမသားရဲ့မျက်နှာက ပလာစတာနဲ့ဖိကပ်ထားသော ဒဏ်ရာကိုမြင်တော့
မျက်လုံးတို့က ဂဏာမငြိမ်ဖြစ်လာကာ လက်ကိုအကြိမ်ကြိမ်ခါလိုက်မိသည်။ ဟန်မပျက် သရုပ်မပျက်အောင်မျက်နှာထားကိုပြင်လိုက်ပြီး

"မေ့သားကိုဘယ်သူလုပ်လိုက်တာလဲ ပြောစမ်း"

"ဒီတိုင်းသားချော်လဲတာပါ"

"လျှမ်းမိုချန်း နင့်အမေကိုနင်လိမ်လို့ရဖူးလို့လား ငါမေးနေတယ်လေ"
နွေးထွေးလှတဲ့အသံကပျောက်ကာ အက်ကွဲကွဲ ဒေါသသံလွှမ်းနေတဲ့အသံက လည်ချောင်းထဲကနေထွက်လို့လာသည်။

"အာ... မေ့မေ့ကိုမလိမ်ရဘူးလေ"

"သား...ကျောင်းမှာကလေးချင်းရန်ဖြစ်တာပါ ကိုကိုကဝင်ကူပေးလို့သိပ်ဒဏ်ရာမရလိုက်ဘူး"

သူမသားရဲ့ပါးစပ်က ကိုကိုလို့ထွက်လာတာနဲ့ သူမရဲ့မနှစ်မြို့ခြင်းတွေကခေါင်းထဲကနေထိုးထွက်လာသည်။ ဒီမိန်းမကသေသွားတာတောင် သူ့ကိုဆိုးမွေချန်သွားပေးသည်လေ။

ဒီကလေးကသူ့အတွက်တော့ခေါင်းကိုက်စေတဲ့ သတ္တဝါတစ်ကောင်ပဲ မျော့တွေလိုဂုတ်သွေးဆုပ်ပြီး သူ့သားတွေကိုလွှမ်းမိုးချင်နေသည်။ သူမရဲ့ယောက်ျားဆီက ဖခင်မေတ္တာကိုပါတောင်းခံနေတဲ့ အဲ့မျက်ဝန်းတွေက သူ့အမေကိုပြန်မြင်ယောင်လာစေသည်မို့ မနှစ်မြို့။

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါWhere stories live. Discover now