အပိုင်း-(၂၄)

133 12 2
                                    

အပိုင်း-(၂၄)

နွေးထွေးတဲ့လက်ဖဝါးရဲ့ အထိအတွေ့က ပုဝါစကိုဖြတ်ပြီး သူ့ကိုယ်ထဲက ရင်းနှီးမှုကို ခံစားလိုက်ရချိန်မှာ သူ့အမေရဲ့မျက်နှာကို သူအရင်ဆုံးကြည့်လိုက်မိသည်။ ဘယ်လိုတုံ့ပြန်ရမလဲ သူ့အမေရဲ့နောက်ယောက်ျားအနေနဲ့လား ဒါမှမဟုတ် သူရင်းနှီးနေတယ်ဆိုတာကို ဖုံးကွယ်ထားသင့်လား။

မင်းယံက အသာငြိမ်နေခဲ့ပြီး သူ့နှုတ်ခမ်းက ပြုံးရမလို တည်ရမလို ခပ်ရွဲ့ရွဲ့ဖြစ်နေသည်။ တစ်ဖက်က လူကလည်း အကဲခတ်မြန်သူပီပီ သူ့မိန်းမကိုတစ်ချက်ကြည့်လိုက်ပြီး သူ့သားကို ပြန်ကြည့်ကာ သူ့နှုတ်ခမ်းစွန်တွေက တန်းသွားတော့သည်။

"ကိုယ့်အဖေကိုယ်မြင်ရတာ မပျော်ဘူးလား မင်းယံထင်ရှား"
ဩရှရှ ရင်းနှီးကျွမ်းဝင်နေတဲ့အသံက မီမီရဲ့နားထဲမှာတော့အတော်လေးအဆီအငေါ်မတည့်လှပေ။ သူက ကလေးကို အခန်းထဲဝင်ကာ အဝတ်လဲခိုင်းလိုက်ပြီး တည်တင်းသောမျက်နှာထားမျိုးဖြင့် သူ့ယောက်ျားသူကြည့်နေခဲ့သည်။
"ရှင် ဘာလို့လိုက်လာရတာလဲ?"

"အို ကိုယ့်မိန်းမလေးက ကိုယ့်ကို မကြိုဆိုဘူးပဲ ဘာလဲ ရည်းစားဟောင်းနဲ့တွေ့တော့ ကိုယ့်ကိုပစ်သွားချင်တာလား"

"ဘယ်သူက ရှင့်ကိုမေ့လို့လဲ ဒီအတိုင်း အကြောင်းမကြားဘဲဗြုန်းစားကြီးရောက်လာတာ အိမ်ရှင်တွေကို အားနာသင့်တယ်လေ"

"Miss စိုးမီမီသွင် ကိုယ့်သားက သူများတွေကို အဖေလိုက်ခေါ်နေတဲ့ကိစ္စကို ဘယ်လိုများရှင်းပြချင်လဲ!"

"အဲ့တာ အဲ့တာကလေ ယံယံက သူ့အစ်ကိုခေါ်တဲ့အတိုင်းလိုက်ခေါ်တာပါ"

"အော်... ဒါပေမယ့် မင်းယောက်ျားသူ့အဖေက မကြိုက်ဘူးလေ မင်းဘယ်လိုလုပ်မလဲ"

"ထင် ကျွန်မတို့စကားပြောကြမယ်လေ... အခုပဲဖြစ်ဖြစ်ပေါ့"

"အိုး ကိုယ်တို့အခု စကားပြောနေတာပဲမဟုတ်ဘူးလား"
မင်းယံက အဝါရောင်ဒိုရေမွန်ကာတွန်းရုပ် ညအိပ်ဝတ်စုံကို ဝတ်ထားပြီး အခန်းထဲကပြေးထွက်လာပြီး သူ့အမေနားကို အတင်းကပ်နေတော့သည်။

"ဖေဖေက ဘာလို့မပြောမဆိုနဲ့ရောက်လာရတာလဲ တစ်ပတ်လို့ပြောသားနဲ့... သားကကျောင်းတောင်တက်နေပြီ"

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါTempat cerita menjadi hidup. Temukan sekarang