အပိုင်း-2(uni & zawgyi)

345 40 61
                                    

Unicode...

"မွှေချင်တိုင်းမွှေပြီး အိမ်ပြန်လာပြီပေါ့လေ!"

အိမ်ခန်းထဲကိုခြေချလိုက်တာနဲ့ စူးစူးဝါးဝါးအော်နေတဲ့ မေမေကြီးနှင့် တန်းတိုးတော့သည်။ မှိုင်းမိုချန်းမျက်လွှာကိုချကာ ခေါင်းကိုငုံ့ပြီး ကိုယ့်ကိုတတ်နိုင်သမျှကျုံ့ထားပြီး ဒူးထောက်လိုက်သည်။ ဒါကမပြောလည်းပဲသိနေရမယ့် အပြစ်လုပ်ထားလျှင် ခံယူရမယ်ဟူသော ဒီအိမ်ကြီးရဲ့စည်းမျဉ်း...

မေမေကြီးက ရေစိမ်ထားတဲ့ကြိမ်လုံးခပ်တုတ်တုတ်ကို စားပွဲခုံကိုအားဖြင့်ရိုက်ချလိုက်ပြီးဖွာနေတဲ့ ထိပ်ဖွားကိုသားရည်ပင်ဖြင့်စည်းနှောင်လိုက်သည်။

"ငါ့ကို မင်းဆင်ခြေဆင်လက်တွေမပေးတော့ဘူးလား ခွန်မှိုင်း
သူများကလေးကိုမွေးထားရတာ ရိုက်နှက်ရမှာလည်း မြေးအရင်းမဟုတ်လို့ဆိုတဲ့ စကားကိုငါကကြားရအုန်းမယ်
ဖြေလေ မင်းမှာပါးစပ်မပါဘူးလား"

"သားမှားသွားပါတယ် နောက်ရန်မဖြစ်တော့ပါဘူး"

"နင့်ဆရာမကငါ့ကိုဖုန်းဆက်တယ်လေ ဘယ်နဲ့ကိုယ့်ထက်ငယ်တဲ့ကလေးတွေနဲ့များဖက်ရန်ဖြစ်ရတယ်လို့ ရှက်ဖို့ကောင်းလိုက်တာ နင်အဲ့လိုပဲ ကျောင်းမှာအငယ်တွေကိုအနိုင်ကျင့်နေတာလား"

မှိုင်းလေးရဲ့မျက်နှာကဇီးရွက်သာသာပင် သူ့ညီကိုလုပ်လို့ပြန်လုပ်ပါတယ်လို့သူမပြောရဲ...
သူအဲ့လိုပြန်ဖြေလိုက်ရင် မေမေကြီးကသူ့ကိုကျောင်းထုတ်လိုက်လိမ့်မယ် သူတို့ညီအစ်ကိုတွေကိုမနီးကပ်စေချင်ဘူးဆိုတာ သူသိနေတယ် ဒီကျောင်းတွင် မိုချန်းညီကိုတွေတက်သည်ကိုတော့ မေမေကြီးမသိအောင် ပါးပါးကဖုံးထားလေသည်။
ကျောင်းကိစ္စအဝဝနှင့်ပတ်သက်လာလျှင် ပါးပါးတစ်ယောက်တည်းသာတာဝန်ယူသည်မို့ ကျန်တဲ့မိသားစုဝင်တွေက မသိကြ...
သူ့ကို သူ့အဖေကမနှစ်မြို့သည်ဖြစ်စေ ဘယ်လိုပဲဖြစ်နေပါစေ ဒီအရာတွေက ဘာမှမသိနားမလည်တဲ့ သူ့ညီတွေနှင့်မသက်ဆိုင်ဘူးလေ အဖေလုပ်ခဲ့တဲ့အမှားကြောင့်သူကမွေးဖွားလာတယ်ဆိုစေအုန်း သူတို့တွေက သွေးသားတော်စပ်တယ်မဟုတ်ဘူးလား
သူ့ညီတွေကို သူဂရုစိုက်ပေးချင်တယ် ဒါကအစ်ကိုကြီးတစ်ယောက်က ညီတွေအပေါ်မှာထားရမယ့် စိတ်နေစိတ်ထားပဲ...

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါOù les histoires vivent. Découvrez maintenant