အပိုင်း-(၆)(uni & zawgyi)

175 22 40
                                    

အပိုင်း-(၆)

တရုတ်စကားပင်အောက်မှာ အကြော်ပန်းဖြူဖြူနီနီလေးတွေကပြန့်ကျဲလို့နေသည်။ ထိုအပင်လေးအောက်တွင်
ဖျာလေးခင်းကာ ကလေးနှစ်ယောက်က ဆေးရောင်ခြယ်ခြင်းအမှုကိုကြိုးစားပန်းစားပြုနေကြသည်။ ခပ်ငယ်ငယ်ကောင်လေးက စာရွက်အဖြူပေါ်တွင် ဖယောင်းရောင်စုံကို ခြစ်ပြီးရင်းခြစ်နေသည်။

မှိုင်းလေးက ဘေးက သူ့ထက်ငယ်သောကောင်လေးကသူဆွဲထားသောပုံတွေကို အ‌ရောင်ခြယ်ပြီးဖျက်ဆီးနေသည်ကို တစိမ့်စိမ့်ကြည့်ကာသဘောကျနေသည်။

သော်ကလေးက စိတ်မရှည်တော့ဟန် သူဆွဲခြစ်ထားသောပုံများကိုကြည့်ပြီး ဟွန့်ခနဲနှာတစ်ချက်မှုတ်လိုက်သည်။

"ကြည့်ပါအုန်း ဘာလို့သားခြယ်တာက ကိုကိုလုပ်တာလိုမလှရတာလဲ"

"လှပါတယ် နည်းနည်းလေးကြည့်ရဆိုးနေတာပဲ"

"တော်ပြီ ပုံဆွဲတာပါရမီမပါမှမပါတာ"

"သော်ကလေးက ငယ်သေးလို့ပါ ကြီးလာရင်တော်ရင်တော်မှာပေါ့"

ကလေးနှစ်ယောက်စကားကောင်းနေကြသည့်အချိန်တွင် ခြံထဲသို့ light truckတစ်စီးဝင်လာသည်မို့ သော်က၏မျက်ဝန်းများကအရောင်တောက်သွားသည်။ သူ့စိတ်ထဲတွင် ဖေငယ်ပြန်လာပြီလို့ထင်လိုက်ပြီး အိမ်နောက်ဖေးက မြေကြီးများတူးကာဆွကာလုပ်နေသော သူ့ဖေကြီးဆီပြေးသွားလိုက်သည်။

"ဖေကြီးဒီး ဖေငယ်ပြန်လာပြီ မြန်မြန်..."

ပုံမှန်ဆိုငြိမ်နေတတ်သည့် သော်ကလေးသည် သူ့ဖေငယ် တစ်မြို့ကနေတစ်မြို့ကို ကုန်သွားကူးပြီးပြန်လာတိုင်း အူမြူးပြီး ဆူဆူညံညံလုပ်တတ်သည့်အကျင့်လေးကတော့ထူးကဲလေသည်။

သူ့ဖေကြီးက နှုတ်ခမ်းမှာခဲထားသောဆေးလိပ်ကို လွှတ်ချလိုက်ပြီး ခြေထောက်ဖြင့်ဖိနင်းလိုက်သည်။ သူ့အိမ်သူသက်ထားယောက်ျားက သူ့ကိုဆေးလိပ်တွေသောက်ပြန်ပြီဆိုပြီးမြည်တွန်တောက်တီးလိမ့်မယ်လေ။ တစ်ခါတစ်ခါ သူယူထားမိတာယောက်ျားလား မိန်းမလားမခွဲနိုင်အောင်ကိုပင် သူ့ချစ်ခင်ပွန်းလေးက စကားများလေသည်။ သူ့ကိုပြုံးစစဖြင့် ကြည့်နေသော ပေါက်စလေးကိုခေါင်းကိုဖွလိုက်ပြီး လက်ညှိုးကိုနှုတ်ခမ်းရှေ့ သင်္ကတပြကာ မပြောနဲ့ဟူသောအမူအရာလုပ်ပြ‌ပေမယ့် သူ့ခင်ပွန်း၏ပုံတူပွားထားသကဲ့သို့ တူလှသောကလေးလေးသည် ခိုးစားလျှင်ပေါ်မယ့်ရုပ်လေးဖြစ်လို့နေသည်။

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါDonde viven las historias. Descúbrelo ahora