အပိုင်း-(၁၈)

99 18 18
                                    

Unicode

အပိုင်း-(၁၈)

တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်တွင် တံခါးကနေ ချပ်ခနဲအသံထွက်လာပေမယ့် ဆိုင်ထဲကကောင်လေးက နှုတ်ကနေ "ကြိုဆိုပါတယ်"ရေရွတ်ပြီး သူ့အလုပ်ကိုသာ သူဆက်လုပ်နေသည်။

တိုးလျလျ ခြေသံက ခဏလေးအတွင်းရပ်တန့်သွားပြီးတိတ်ဆိတ်သွားခဲ့သည်။ ဆံပင်‌ရွှေရောင်တွေကိုပိုင်ဆိုင်တဲ့ကောင်လေး၏လက်ချောင်းတွေက ဂျုံမှုန့်ဖြူဖြူတွေပေကျံနေခဲ့ပြီး သူ့နဖူးထက် နူးညံ့လှတဲ့အဖြူရောင်အမှုန့်လေးတွေက တွဲလဲခိုနေခဲ့သည်။ ကောင်လေး၏လက်တွေက လှုပ်ရှားနေခဲ့ပြီး အာရုံက စားပွဲပေါ်က နှပ်ထားတဲ့မုန့်သားအပေါ်တွင်သာရှိနေပုံပင်။

ကောင်လေးက သတိပြန်ကပ်သွားပြီး အေပရွန်မှာပေကျံနေသည်များကို အသာယာခါထုတ်လိုက်သည်။ သူက ငြိမ်သက်သောခြေလှမ်းများဖြင့် ဧည့်သည်ရှိရာစားပွဲဝိုင်းကို လျှောက်သွားလိုက်သည်။ သူက အသာယာခေါင်းညိတ်ပြပြီး " Hello what would you like to order ma'am"

လေယူလေသိမ်းကောင်းလှသော ပြင်သစ်သံခပ်ဝဲဝဲကအင်္ဂလိပ်စကားသံအဖြစ် ထွက်ပေါ်လာခဲ့သည်။ သူက စားသုံးသူဆီအကြည့်မရောက်ခင်အထိ တည်ငြိမ်နေခဲ့၏။

ပန်းရောင်ဖျော့တော့တော့ ဒူးထက်ဝဲသောဂါဝန်ကိုဝတ်ဆင်ထားသော အမျိုးသမီးက သူမ၏ဆံပင်ရှည်လိမ်ကောက်ကောက်တွေကို ထုံးဖွဲ့ထားပြီး တည်ငြိမ်စွာသူ့ကိုပြုံးပြလေသည်။ သူ့အကြည့်မမှားဘူးဆိုလျှင် ဒါက သူ့အဖေရဲ့နောက်ဇနီးပဲ။

"အာ မဒမ်... လျှမ်းလေးနဲ့ အာကာလေးနေကောင်းတယ်မလား?"

"သူတို့နေကောင်းပါတယ် အန်တီတို့စကားပြောလို့ရမလား?"

အမေးကို အမေးနဲ့ပြန်တုံ့ပြန်လိုက်သည်မို့ မှိုင်းမိုချန်းအနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။ သူကလောလောဆယ်အားလပ်နေတာမို့ အဆင်ပြေပေမယ့် ဒီအန်တီနဲ့သူက နှစ်ယောက်တည်းအတူမရှိဘူးတာမို့ အနည်းငယ်စိတ်ထဲရှုပ်ထွေးလာခဲ့ပြီး သူ့မျက်လုံးတွေကအကြိမ်ကြိမ်အကြည့်လွှဲနေမိသည်။

သူမက သွားတန်းဖြူလေးတွေပေါ်လာအောင် ပြုံးလိုက်ပြီး "သားစိတ်အေး‌အေးထားပြောလို့ရပါတယ် သားအန်တီလေး
ဂရေ့စ်ကော မရှိဘူးလား?"

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါWhere stories live. Discover now