အပိုင်း-(၁၄)

114 20 55
                                    

အပိုင်း-(၁၄)
unicode

ကုတင်တစ်လုံးတည်းမှာ သုံးယောက်အိပ်ရတာသိပ်အဆင်မပြေ။ အငယ်လေးကတော့အလယ်ကနေ အိပ်နေတာသိုးနေတာပဲ။ ဟိုဘက်က ကလေးကတော့ ခြေထောက်တစ်ဖက်ကဟိုကန်သည်ကန်နှင့် အိပ်နေတာကိုက လူလိုပဲအချိုးမပြေ။ သူ့ညီကိုခွထားသည်မို့ သူဖယ်ချလိုက် ဟိုကခြေထောက်ကပြန်ရောက်လာလိုက်နှင့် အိပ်ရန်မဖြစ်နိုင်သည်မို့။ အငယ်လေးကို ကုတင်ထောင့်စွန်းကိုပို့ပြီး လျှမ်းလေးတစ်ယောက်အလယ်တွင်နေရာယူလိုက်သည်။

အိပ်ရင်းနှင့် သားရည်တွေစီးကျနေသော ကလေးလေးကိုသူကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူခေါင်းအုံးကိုအပေါ်တိုးပြီးအိပ်ကြည့်ပေမယ့် ဘေးကကလေးရဲ့လက်က သူ့ခါးထက်ရောက်လာပြန်သည်။

ငါနော် ဒီကောင်နဲ့ဒီညတော့အိပ်လို့ရတော့မှာမဟုတ်ဘူး။ ဘေးကအိပ်နေတဲ့ကလေးရဲ့နှာခေါင်းကိုသွားညစ်ချလိုက်တော့ ထိုကလေးဆီမှ အင်းအဲအသံထွက်ပြီး တစ်ဖက်ကိုလှည့်ပြီးပြန်အိပ်သွားသည်။

အိပ်နေတဲ့ကလေးလေးကို သူ့ဘက်ကိုဆွဲယူလိုက်ပြီး အသာချီမဖို့လုပ်လိုက်ပေမယ့် သူ့အနေနဲ့မမနိုင်။ သူတစ်ယောက်တည်းအိပ်လို့မပျော်တော့ စကားပြောချင်တယ်လေ။ သူ့ညီကိုကျတော့လဲသူမနှိုးချင်သည်မို့ နှာခေါင်းကိုထပ်ညှစ်ချလိုက်ပေမယ့် တုတ်တုတ်တောင်မလှုပ်။ သူခြေထောက်ဖြင့် ဖင်တုံးတုံးလေးကိုကန်ကြောက်ထည့်လိုက်တော့ မျက်လုံးတို့ကိုပွတ်ကာနိုးလာသည်။

ငုတ်တုတ်ထိုင်နေသာသူ့ကိုမြင်တော့ ထိုကလေးက
မျက်လုံးလေးအပြူးသားကြည့်နေပြီး ခဏကြာတော့
ယံယံက တံခါးကိုသွားဖွင့်လိုက်သည်မို့ သူကြောင်ကြည့်နေခဲ့သည်။ ဘာလဲငါ့ကို အခန်းထဲထွက်ခိုင်းတာလား သူ့ကိုကန်လိုက်လို့လေ။

"ဘာလုပ်နေတာလဲ ကိုကိုရှူးမပေါက်ရဲလို့သားကိုနှိုးတာမဟုတ်ဘူးလား လာလေ သားတည်ပေးမယ်"

"ဘာ ဘာပြောတယ် ငါ့ကိုကလေးမှတ်နေလား"

"မဟုတ်ဘူးလား မဟုတ်ရင်ပြန်အိပ်မယ် ထပ်မကန်နဲ့တော့ ယောက်ျားလေးဆိုတာ ဘုန်းရှိတယ် အဲ့လိုမကန်ရဘူးလို့ကိုကို့အမေကမသင်ထားဘူးလား"

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါOnde histórias criam vida. Descubra agora