အပိုင်း-(၂၀)

127 16 10
                                    

အပိုင်း-(20)

ဆေးရုံမှာရနေကျဖြစ်သောပိုးသတ်ဆေးရနံ့က တစ်ခန်းလုံးပြန့်လွင့်ပြီး နှာခေါင်းထဲလာကျီစယ်နေသည်။

ကပ်လျက်ရှိနေသောခုတင်ပေါ်က ဇနီးနှင့်သားကိုမြင်ရတာက
လူသာထင်စိတ်ထဲ အတော်လေးနေမထိထိုင်မသာဖြစ်ရသည်။ သူ့မျက်နှာထက်ပူဆွေးမှုများဖြင့်ပြည့်နေခဲ့ပြီး သူ့ဇနီး၏ လက်ကလေး ကို ဆုပ်ကိုင်လိုက်သည်။ သူက မိသားစုအပေါ်တာဝန်မကျေတဲ့လူပဲ အဖေတစ်ယောက်အနေနဲ့ အတော်လေးအသုံးမကျတာပဲ။ သူက သူ့သားကို မကာကွယ်ပေးနိုင်သလို လူတောင်ဖြစ်မလာသေးတဲ့ သူ့သမီးလေးကိုပါ ဆုံးရှုံးလိုက်ရတာမို့ သူ့အတွက်အတော်လေး ခံစားချက်များကပြင်းထန်လို့နေသည်။ သူ့ဇနီးသာနိုးထလာရင် သူ့ကိုအတော်လေးစိတ်ပျက်သွားလောက်တယ်။ သူမက ကလေးတွေနှင့်ပတ်သက်လာရင် အရမ်းကြောက်ဖို့ကောင်းတယ်။

ဘေးကခုတင်ပေါ်မှာ လှဲနေသောကလေးဆီကိုလက်လှမ်းဖို့ကြံရွယ်လိုက်ချိန် လက်တစ်ဖက်က ပုတ်ချတာကို ခံလိုက်ရသည်မို့ လူသာထင်မျက်လုံးလှန်ကြည့်လိုက်သည်။

ငိုရှိုက်ထားသောကြောင့်မျက်လုံးများရဲရဲနီကာ မျက်လုံးထဲတွင်နာကျည်းချက်များဖြင့် ပြည့်နေသောသူ့ဇနီးကိုမြင်တွေ့ရတဲ့အခိုက်အတန့် သူ့လက်တွေမှာအားတောင်မရှိတော့သလိုပင်။ ကိုယ်ကိုပင်မတ်မတ်မရပ်နိုင်တော့သလို ခံစားလာရသည်။ သူမက တစ်ခုခုကိုပြောဖို့ကြံရွယ်နေသည်မို့ လူသာထင်က လှမ်းဖက်လိုက်ပြီး သူမပါးစပ်ကို လက်ဖြင့်ပိတ်ထားသည်။

"မင်းကိုပြောဖို့ခွင့်မပြုနိုင်ဘူး ကိုယ်သိနေတယ် မင်းပြောမယ့်စကားကို ... မီမီကိုယ့်ကို မင်းနဲ့ဝေးနေရအောင် စကားတွေပြောဖို့မကြိုးစားနဲ့ မင်းဘယ်တုန်းကများ ကိုယ့်ဆီက ပြေးလို့ လွတ်ဘူးလို့လဲ"

မီမီက သူ့လက်ကိုကိုက်ချလိုက်ပြီး အတင်းတွန်းဖယ်ပစ်လိုက်ကာခပ်စိမ်းစိမ်းကြည့်နေခဲ့သည်။

"ရှင် ကျွန်မကို ကတိပေးထားတယ်လေ ကျွန်မသားတွေကိုမထိခိုက်အောင်ကာကွယ်ပေးပါ့မယ်လို့ ရှင့်ကတိကိုတည်လို့လား ဒါဘယ်နှစ်ကြိမ်မြောက်လဲ ပြောလေ... တကယ်လို့များ ကလေးသာတစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်မရှင့်ကိုသတ်ပစ်မှာ... ကျွန်မရဲ့အရိပ်ကိုတောင်ရှင်မြင်ရမယ်မထင်လိုက်နဲ့..."

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါDonde viven las historias. Descúbrelo ahora