အပိုင်း-(15)
Unicodeအိုဟောင်းနွမ်းလျနေတဲ့ဓာတ်ပုံထဲက အပြုံးတွေက
သူ့ကိုပါကူးစက်လာသလိုပင် မှိုင်းလေးထိုဓာတ်ပုံလေးကို မှန်ဘောင်အသေးလေးထဲထည့်ပြီး စတိုးဆိုင်လေးရဲ့ ခုံပေါ်မှာတင်ထားလိုက်သည်။ သူ့နှုတ်ခမ်းတွေက လိုချင်တာရသွားတဲ့ကလေးတစ်ယောက် ပြုံးနေသလိုပင်။ တည်ငြိမ်ရင့်ကျက်သောကောင်လေး၏နှုတ်ခမ်းပါးလေးများက ပျော်ရွှင်မှုယဲ့ယဲ့လေးကိုဖော်ဆောင်နေသလိုထင်သာမြင်သာရှိလှသည်။ခွင့်လွှတ်ခြင်းကအေးချမ်းတယ်ဆိုသလို သူ့အဖေကိုသူက
အစတည်းကခွင့်လွှတ်ပေးပြီးသားပါ။ အခုတော့ သူလုံးဝ ဝန်လေးတဲ့စိတ်မရှိတော့ဘူး။သူ့အဖေနဲ့သူ့အမေက သိပ်ကိုချစ်ကြတဲ့ချစ်သူတွေလက်ထပ်ပြီးမှ ကွဲကွာသွားကြတယ်။ အဲ့အကြောင်းအရင်းခံက သူ့ညီလေးလျှမ်းမိုချန်းတဲ့။ သူကအမြဲ လျှမ်းလေးကိုအားနာနေခဲ့တာ။ သူထပ်ပြီး အားနာနေစရာမလိုတော့ဘူး ပိုပြီး သူ့ညီကိုဂရုစိုက်ပေးမယ်။ သူ့အဖေမသိစေချင်တာကို သူ့ညီလေးက သိစရာမလိုပါဘူး။
ဆိုင်ထဲကနေထွက်ခွာသွားတဲ့ သူ့အဖေရဲ့ကျောပြင်လေးကိုငေးကြည့်နေခဲ့ပြီး သူရုတ်တရက်ပြေးထွက်သွားခဲ့တယ်။ သူ့နှုတ်ခမ်းတွေကလှုပ်ခတ်သွားပြီး တစ်ခါမှမခေါ်ခဲ့ဘူးတဲ့အသုံးနှုန်းကို နှုတ်ကနေပေါ့ပေါ့ပါးပါး ထွက်သွားခဲ့တယ်။
(မှိုင်းလေးက စပေါ်လာကတည်းက အခုရောက်တဲ့အပိုင်းတွေအထိ လင်းမိုချန်းကို အဖေလို့လုံးဝမခေါ်ခဲ့ပါဘူး။ တစ်ဖက်ကသူ့ကိုစစကားပြောလို့ ပြန်ဖြေပြောခဲ့ပေမယ့် တစ်ခါမှအဖေလို့မခေါ်ခဲ့ပါဘူး ဒါကပထမဆုံးအကြိမ် လင်းမိုချန်းကိုသူ့အဖေလို့လက်ခံလိုက်တာပါ။သူကတစ်လျှောက်လုံး ဝန်လေးတဲ့ခံစားချက်ကြောင့် အဖေကိုလက်မခံခဲ့ဖူးပါဘူး)
"အဖေ..."
တစ်ဖက်က မတိုးမကျယ်ထွက်ပေါ်လာသော ကောင်လေး၏အသံကလင်းမိုချန်းရဲ့နားစည်ကိုရိုက်ခတ်သွားတဲ့အခိုက်မှာတော့ သူ့ကျောပြင်ကသိမ့်သိမ့်တုန်သွားခဲ့သည်။ မျက်လုံးစပ်နားကနေ အရည်ကြည်တွေတစ်ချက်လဲ့ပြီး မြေပြင်ပေါ်ကိုပေါက်ကနဲကျသွားပြီး သူ့နှုတ်ခမ်းစွန်တွေက ကျေနပ်မှုတွေပြည့်နှက်သွားခဲ့သည်။ လေညှင်းလေးက သူ့ပျော်ရွှင်မှုကို အသိမှတ်ပြုဟန်တိုက်ခတ်နေပြီး လင်းမိုချန်းရဲ့ နားသယ်စက ရှည်ထွက်နေတဲ့ ဆံနွယ်စလေးက လှုပ်ယမ်းသွားပြီး မေးရိုးတွေက ပြေလျော့သွားခဲ့သည်။

VOUS LISEZ
ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါ
Roman pour Adolescentsအချစ်ကလေးညှင်းလေးလို မင်းနားမှာပဲဖြတ်တိုက်နေမယ်ဆို တကယ်ပဲအဲ့အချစ်ကိုဖမ်းဆုပ်နိုင်မှာလား ခက်ခဲတယ်ဆိုတာတွေကပိုပျော်ဖို့ကောင်းတယ် မင်းသာလေညှင်းလေးဆိုလည်း ငါကတော့ဖမ်းဆုပ်ထားမှာပါပဲ start date...2.07.2021