အပိုင်း-(၈)(uni & zawgyi)

154 17 34
                                    

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါ
အပိုင်း -(၈)

ကောင်းကင်က တိမ်စိုင်တွေလွတ်လပ်စွာရွေ့လျားနေတာကို ကြည့်ရတာသူအရမ်းသဘောကျတာပါပဲ။ အပြာရောင်ဖျော့တော့တော့ကားချပ်ပေါ်မှာ ဝါဂွမ်းစိုင်လေးလိုနူးညံ့သောအသွင်ရှိသည့် အဖြူရောင်တိမ်တိုက်တွေက ခဲရောင်သန်းသွားလိုက် ဖြူဖျော့လာလိုက်နဲ့ လေနှင်ရာရွက်လွှင့်နေတာက သူ့စိတ်တွေလေ့လွင့်နေရသလိုပဲ။ လေယာဉ်စီးရင်းကြည့်ရသည်မို့ တိမ်တွေကသူနဲ့ပိုနီးကပ်နေသယောင်ပင်။

တိမ်စိုင်တွေထဲတွင် ပြုံးနေသောအမျိုးသမီးတစ်ဉီး၏ပုံရိပ်ကိုသူပုံဖော်ကြည့်နေမိသည်။ သူ့အမေကိုသူမြင်ဖူးပေမယ့် ရေးတေးတေးမှတ်ဉာဏ်လေးမို့ သူပုံရိပ်ယောင်လေးကို မဖမ်းဆုပ်လိုက်နိုင်ခင်အမြဲ ပြယ်လွင့်သွားမြဲ။ နွေးထွေးသောပွေ့ဖက်မှုလေး၊ နွေးထွေးသောအပြုံးလေး သူ့အမေကသူ့ကိုမွေးဖွားခဲ့တဲ့အချိန်တုန်းက ပျော်ရွှင်ခဲ့လောက်တယ်မလား။ သူ့အတွေးတွေက တိမ်တွေကိုကြည့်ရင်း စိတ်အစဉ်ကလည်း တိမ်တွေလို တောင်စဉ်ရေမရ ရောက်တတ်ရာရာသာ။

"မှိုင်းလေး ဗိုက်ဆာပြီလား"

သူ့အဖေက သူတိမ်တွေကိုသဘောတကျကြည့်တာကိုမြင်တော့ ခေါင်းကရွှေရောင်ဆံပင်တွေကိုခပ်ဖွဖွ ကိုင်လိုက်ပြီး ဖျော့တော့တော့အပြုံးမျိုးကိုပေးလေသည်။ စိတ်ထဲဘယ်လောက်တောင်ပင်ပန်းနေမလဲသူမှန်းလို့တော့ရပါသည်။ စိမ်းဖန့်ဖန့်မျက်ဝန်းတွေကမှိုင်းညှို့နေကာ မျက်ကွင်းကညိုပြီး မျက်နှာကအတော်လေးချောင်ကျနေသည်။

"ပါးပါး ဝိုင်သောက်မလို့လား"

"နည်းနည်းပါ..."

မှိုင်‌လေးက သူ့အဖေကို ခါးပတ်တပ်ထားရင်းက မရမက လည်ပင်းကိုသိုင်းဖက်လိုက်ပြီး ကျောကုန်းကိုဖွဖွပုတ်ပေး၏။

"ပါးပါးအနားမှာ သားကအမြဲရှိပေးမှာပါ သားကြီးလာရင် ပါးပါးကိုဘယ်သူကမှစိတ်ဒုက္ခမပေးနိုင်အောင် စောင့်‌ရှောက်ပေးမယ်"

"ဟား ဟား တတ်လိုက်တဲ့ပါးပါးရဲ့သားလေး... မှိုင်းလေးမသောက်စေချင်ရင် ပါးပါးမသောက်တော့ဘူးနော် ဖက်ထားလိုက်တာ ဖားပြုတ်လေးကျနေတာပဲ အသက်ရှူကျပ်လာပြီ"

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါHikayelerin yaşadığı yer. Şimdi keşfedin