အပိုင်း-(1) uni & zawgyi

1.3K 47 38
                                    

စိုင်းမင်းသွေးဆက် bathrobeကိုဝတ်ထားပြီး အိပ်စက်ဖို့ချစ်ရသူရေချိုးနေတာကို ကုတင်ပေါ်ကစောင့်ဆိုင်းရင်း ဘေးနားက စာဖိုင်လေးကိုလှမ်းဆွဲလိုက်သည်။

သူတိုနှစ်ဉီးအကြားလျှို့ဝှက်ချက်ကမရှိသလောက်မို့
တစ်ခုခုကိုယူကြည့်ထားလျှင်တောင် သူ့ကို ချစ်ရသူက
စိတ်မဆိုးတတ်...

စာအိတ်မှာ လူနာရှင်နာမည် Robert Angeloဆိုတာကိုမြင်တော့ သူမနေနိုင်မထိုင်နိုင်ဖွင့်ဖတ်လိုက်တော့၏။

အထဲကဆေးစစ်ချက်အချို့နှင့် သားကြောဖြတ်တောက်ခြင်းဆိုင်ရာ အကြောင်းအရာတစ်ချို့ကိုမြင်မိတော့ သူချက်ချင်းပဲရေချိုးခန်းတံခါးကိုဝုန်းခနဲဆွဲဖွင့်လိုက်သည်။

"ဟေ့ ဒါကဘာလား"

"အချစ် မြင်တဲ့အတိုင်းပဲလေ"

"ဘာလို့အဲ့လောက်ထိလုပ်ရတာလဲ"

"ငါ...ငါမင်းနားမှာရှိနေဖို့ လုပ်ဖို့လိုအပ်လို့လုပ်တာပေါ့"

"မင်းကိုဘယ်သူကအနစ်နာခံခိုင်းနေလို့လဲ ငါ့ကိုမတိုင်ပင်ဘဲ
လုပ်ချင်တိုင်းကိုလုပ်နေတော့တာပဲ ငါမင်းကိုယုံကြည်ပြီးသား အဲ့လောက်ထိ...လုပ်ဖို့ ဟာ!"

"အချစ် ဆက် အသက်ကိုဖြေးဖြေးရှူလိုက် စိတ်ကိုလျှော့ထားနော် ကိုယ့်ကိုကြည့်..."

"ငါ့ကိုဖြေရှင်းချက်ပေး..."

"မင်းမေမေက မှိုင်းလေးရဲ့ဇစ်မြစ်ကိုလိုက်နေတယ် အစတည်းကသူက ငါတို့ကိုမယုံတာ
သူက ငါတို့သားအဖကိုဒီမိသားစုထဲက ထုတ်ပစ်ချင်နေတယ်
မင်းကငါ့အတွက်အရေးကြီးသလို မှိုင်းလေးကငါ့ဘဝအတွက်အရေးပါတယ် ဒါတွေကိုကြိုသိထားလျက်နဲ့သက်သက်မဲ့ မင်းကိုဒုက္ခလာပေးမိတာ"

"အန်ရာ... ငါဘယ်အခြေနေပဲရောက်ရောက်မင်းကိုပဲရွေးမှာပါ
မှိုင်းလေးကလည်း ငါ့သားပါပဲ"

"အခုကိစ္စက မင်းဘာသာမင်းလုပ်တာလား ငါ့အမေရဲ့ပရောဂပါတယ်မလား"

"သူက မှိုင်းလေးကငါ့အစ်မရဲ့ကလေးမှန်းသူသိတယ် ကလေးနဲ့မင်းနဲ့ကဘာမှမတော်စပ်မှန်းလည်းသူသိနေတယ် မှိုင်းလေးကိုအမွေဆက်ခံခွင့်မပေးနိုင်ဘူးတဲ့ ငါတို့ကအဲ့တာတွေကိုမက်တာမဟုတ်ပါဘူး ပြီးတော့သူက မင်းရဲ့တကယ့်သွေးသားကိုမွေးဖို့စီစဉ်နေတယ်...

ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါDonde viven las historias. Descúbrelo ahora