အပိုင်း-(၁၇)
ခင်မာလာသွေးဆေးရုံမှာ ကုသမှုခံယူနေတာ နှစ်ရက်လောက်ကြာသွားခဲ့ပြီး သူမကအတော်လေးထူထူထောင်ထောင်ဖြစ်လာခဲ့သည်။ သူမက အဖြူရောင်လိုက်ကာစကို ငေးကြည့်နေခဲ့ပြီး စိတ်ကူးများကလေလွင့်နေခဲ့သည်။
သူမရဲ့ပိုက်ဆံအိတ်ထဲက မိန်းကလေးသုံးယောက်အတူရိုက်ထားသောဓာတ်ပုံလေးကို ကြည့်ကာသက်ပြင်းရှည်ကြီးကို
ချလိုက်သည်။ မှိုင်းမိုချန်းနဲ့တွေ့ဖို့အချိန်တန်ပြီလို့ သူမရဲ့စိတ်ထဲတွေးမိသည်။ ဒီကလေးက အခုဆို အသက်၁၅နှစ်လောက်တော့ရှိလောက်ပြီပေါ့။သူက အတန်သင့်နားလည်လက်ခံနိုင်တဲ့အရွယ်ကို ရောက်နေပြီမို့ တစ်ချို့ကိစ္စရပ်တွေကို အသိပေးသင့်ပြီထင်တာပဲ။
သူမရယ် လော်ရာရယ်က အတော်လေးခင်မင်ရင်းနှီးခဲ့ကြသည်။ သူမဘက်ကသာစည်းမဖောက်ခဲ့ရင် ဒီခင်မင်မှုလေးက အတော်လေးအဒွန့်ရှည်နေခဲ့မှာပဲ။ သူမက လင်းမိုချန်းဆိုသောသူကို အချစ်ရူးတစ်ယောက်လို ချစ်မိရာကစကာ သူမက အလွဲလွဲအမှားမှားပြုမိခဲ့သည်။
လင်းမိုချန်းက လွန်ခဲ့သောဆယ့်ငါးနှစ်ကအရမ်းကိုခန့်ညားတဲ့ယောက်ျားတစ်ယောက်ဖြစ်ခဲ့သည်။ ယခုထက်တိုင်
သူ့ချောမောမှုက မပျောက်ပျက်သွားဘူး။ အခန်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ ကုတင်ဘေးကခုံတွင် ထိုင်နေသော သူ့ခင်ပွန်းကို သူကတည်ငြိမ်စွာကြည့်လိုက်သည်။သူမရဲ့အတွေးတွေကလေးလံနေခဲ့သည်။စကားတစ်လုံးပြောဖို့ကို အတော်လေးအားယူနေရသည်။ သူမက သတ္တိကြောင်နေခဲ့တာမို့ နှုတ်ခမ်းတွေဖွင့်ဟဖို့တောင် ဝန်လေးနေခဲ့သည်။
"လင်း.... ကျွန်မတို့မှိုင်းလေးကို အတူတူပျိုးထောင်ကြရအောင်"
သူက မျက်လုံးကိုတစ်ချက်စွေကြည့်ကာ သက်ပြင်းကိုချလိုက်သည်။ "မင်းအဆင်ပြေမှာ သေချာလို့လား"
လင်းမိုချန်းက သူမစိတ်ပြောင်းသွားတာကို နားမလည်နိုင်ဖြစ်မိပေမယ့် အလိုက်သင့်သာ မေးမြန်းခဲ့သည်။ သူက ဖုန်းကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေရင်း စာတိုတစ်စောင်ကိုမြင်တော့ အလျင်အမြန်တံခါးနားကိုရောက်သွားသည်။
![](https://img.wattpad.com/cover/275803413-288-k78680.jpg)
BẠN ĐANG ĐỌC
ချစ်လေညှင်းလေးဖမ်းဆုပ်ခွင့်ပြုပါ
Teen Fictionအချစ်ကလေးညှင်းလေးလို မင်းနားမှာပဲဖြတ်တိုက်နေမယ်ဆို တကယ်ပဲအဲ့အချစ်ကိုဖမ်းဆုပ်နိုင်မှာလား ခက်ခဲတယ်ဆိုတာတွေကပိုပျော်ဖို့ကောင်းတယ် မင်းသာလေညှင်းလေးဆိုလည်း ငါကတော့ဖမ်းဆုပ်ထားမှာပါပဲ start date...2.07.2021