သူ့ဘက်ကခြေလှမ်းတွေ မစသ၍တော့ ကျွန်တော့ဘက်က စလှမ်းဖို့ရန်တောင် မတွေးမိသလို မပြင်ဆင်ခဲ့မိပါဘူး ဒါပေမယ့်....
သူက သိပ်ကို လျှို့ဝှက်လွန်းတယ်...
▪︎▪︎▪︎▪︎
စနေတစ်ရက်ရဲ့ ကျွန်တော်ပြောင်းလာရမယ့်ကျောင်းဝန်းထဲမှာပေါ့
လာမယ့်အပတ်မှာစပြီး ဒီကျောင်းကိုပြောင်းလာရမှာမို့ အသစ်ဖြစ်နေတဲ့ ဒီနေရာနဲ့ ရင်းနှီးအောင် ကျောင်းပိတ်ရက်မှပဲ ကျောင်းဝန်းထဲကို Chanyeol လာကြည့်မိသည်
ဒုတိယနှစ်ရဲ့ ဆေးဌာနက ကျောင်းသားအသစ်ဖြစ်လာမယ့် Chanyeol လို့ပြောရမယ် အရင်နေခဲ့တဲ့ကျောင်းကနေ အမေတာဝန်ကျတဲ့ ဒီမြို့ကိုလိုက်ပြောင်းရင်း ဒီကျောင်းကိုရောက်လာခဲ့ခြင်းဖြစ်သည်
ကျောင်းဆိုတော့ ကျောင်းပေါ့ ထူးထူးခြားခြားရယ် ဘာရှိနိုင်မှာလဲ စာသင်ခန်းတွေရှိမယ် စာရေးခုံတွေရှိမယ် ငယ်ငယ်ကကျောင်းတက်ခဲ့ရသလိုတော့ ကလေးသာသာတွေဘယ်ဟုတ်မလဲ တက္ကသိုလ်ဆိုတော့ တက္ကသိုလ်ဟန်ပန် ဝန်းကျင်တော့ရှိနေတဲ့ ဒီမြို့က ဒီကျောင်းမှာ Chanyeol က ဘာအသစ်အဆန်းတွေကိုများ ရနိုင်ဦးမှာလဲ စိတ်ဝင်စားမိတယ်
ကျောင်းဝန်းကိုပတ်ကြည့်မိရင်းမှ သတိထားမိတဲ့ မျက်စိရှေ့ အတော်ဝေးဝေးက အဖြူရောင်လွှာအရိပ်လေးတစ်ခု
နူးနူးညံ့ညံ့နဲ့ ကင်မရာငယ်တစ်လုံးကို လည်ပင်းပတ်ကြိုးလေးနဲ့ လွယ်ထားတယ် ခေါင်းလုံးလုံးလေးနဲ့ 5 ပေ 8 , 5 ပေ 9 သာသာ အရပ်မောင်းကြောင့် ကျောင်းသားဟုဆိုလျှင် Chanyeol ထက်ငယ်မယ်လို့တော့ ထင်လိုက်တယ်
" gyumi gyumi လာလာ ပြန်ကြမယ်လို့ ငါ့ရဲ့ကျောင်းကို နင်က ငါ့ထက်ပိုသဘောကျနေတယ် "
Chanyeol ရှေ့လှမ်း"က ကောင်လေးဆီက သူ့ခွေးလို့ထင်ရဲ့ Gyumi ကိုပြောနေတဲ့ စကားသံကိုကြားမိတယ်
ထို့နောက်တော့ ကားကောင်းတစ်စီးပေါ် ကိုတက်သွားတဲ့ထိ Chanyeol လိုက်ကြည့်မိနေရုံသာ
YOU ARE READING
AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}
Fanfiction《 Unicode + Zawgyi 》 " Baekhyun က မောင့်ရဲ့ ပြည့်စုံခြင်းပဲ , မောင်ဆိုတဲ့ Chanyeol ရဲ့ ဒီဘဝလေးပြည့်စုံဖို့ Baekhyun က မရှိမဖြစ်လေး " " ကြယ်တွေကြွေမှ ငါ့ဆုတောင်းတွေပြည့်မယ်ဆို ငါဆုမတောင်းဘူး မောင် , အဲ့လိုပဲ မောင်တစ်ခုခုထိခိုက်သွားမှ ငါအ...