17 Unicode ♡◇♡

1.1K 119 1
                                    

Jaemi Hyung ဆီ​ရောက်နေတုန်း * Chanyeol ​ရေ မင်း အိမ်လာမှရ​တော့မယ် * လို့ ရုတ်တရက်ဖုန်းဆက်​ပြောလာ​သော Baekhyun အကို​ဖြစ်သူကြောင့် Chanyeol အပြင် Jaemi ပါ Baekhyun တို့အိမ်ကို​ အမြန်နှုန်းနဲ့ လာခဲ့ရခြင်းဖြစ်သည်

အိမ်ထဲဝင်ဝင်ခြင်း ဧည့်ခန်းမှာပင် လူစုံ​နေလို့ Chanyeol ​ရော Jaemi ပါ ​ကြောင်သွားရ​သေးသည်

" Baekhyun ဘာဖြစ်လို့လဲ Hyung "

Chanyeol အ​လောတကြီး စိတ်ပူလွန်းလို့ ​မေးမိသည် ဧည့်ခန်းမှာလည်း လူစုံ​နေ​ပေမယ့် Baekhyun ကိုမ​တွေ့ဘူး​ဖြစ်​နေ​သော​ကြောင့်

" ဘာမှမဖြစ်ဘူး ​မေးတာကို​ဖြေ​ပေးဦး မင်း "

Minhyun က ရန်လိုတယ်လည်းမဟုတ် ​ဒေါသသံရယ်လည်းမဟုတ်ပဲ ​ဆိုလာ​သော်လည်း Baekhyun အကို, အနာဂတ်ကိုယ့်​ယောက်ဖ​ကို​တော့ Chanyeol နည်းနည်း​တော့ရှိန်ရသည်

" ထိုင်ပါ​စေဦးသားရယ်, Jaemi သားလည်းလာထိုင် , Chanyeol ​ရော "

Baekhyun အ​မေဖြစ်သူက လှမ်း​ခေါ်တော့မှ ထိုင်ခုံရှိရာဆီသွားဖြစ်​တော့သည်

" ဘာ​မေးမလို့လဲ Hyung "

" မင်းတို့ ခရီးထွက်မလို့ဆို "

ခရီးအ​စီအစဥ်ကိုက သေချာ​တောင် မသိရ​သေး​သော်လည်း Hyung က ဘယ်လိုသိသွားတာလည်းလို့ပင် Chanyeol ​တွေးမိလိုက်​သေးသည်

" ဟုတ်တယ် Hyung , ​သေ​တော့မ​​သေချာ​သေး​ပေမယ့် လာမယ့်နှစ် ​ကျောင်းဖွင့်ချိန်မတိုင်ခင်​တော့ ​ကျောင်း trip ထွက်ဖြစ်မယ်လို့​တော့ပြောတယ် "

" မင်း​ရော! , မင်း​ရော လိုက်မှာလား "

Minhyun က Chanyeol ကိုကြည့်ရင်း ​မေးလိုက်သည်

" အင်း......လိုက်ဖြစ်မယ်ထင်တယ် အခုထိ Trip တစ်ခုမှ မလိုက်ဖြစ်​သေး​တော့ အတင်း​ခေါ်​နေကြတာနဲ့ပဲ "

" သွားပြီ မင်းလိုက်ရင် ဟိုအ​ကောင်​ပေါက်စကပါ လိုက်​တော့မှာ "

​ပြောရင်း Baekhyun အခန်းဘက်ကို လှမ်းကြည့်ရင်း ​မေးဆက်ပြတာမို့ အကုန်လုံးက လိုက်ကြည့်မိသည် အဲ့​တော့မှ အခန်းထဲက ပြုံးစိစိလုပ်ရင်းလိမ်ဖယ်ဖယ်နဲ့ ထွက်လာတဲ့ Baekhyun

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now