ခရီးကပြန်လာနေတုန်း ဖုန်းလိုင်းအမြန်ရဖို့ကိုသာ အာရုံရောက်နေကြသော Jaemi တို့ ဆရာဝန်အုပ်စု .
Chanyeol ကတော့လိုင်းရတာနဲ့ ပြုံးစိစိဖြစ်နေတာ အိမ်ကိုဖုန်းဆက်အပြီး တခြား တစ်ယောက်ယောက်ဆီဖုန်းဆက်နေပုံရသည် . ပြောပြနေစရာမလိုအောင် Baekhyun ဆီဆိုတာ အသေချာပင် . သို့သော် ဘယ်လိုပင်ခေါ်ခေါ် လူကြီးမင်းနဲ့သာတိုးနေတော့တာမို့ စိတ်ထဲတော့ သိပ်မကြည်ချင်တော့ .
" Jaemi Hyung "
Chanyeol သူ့ရှေ့ခက်လှမ်းလှမ်းမှာ ထိုင်နေသော Jaemi ကိုလှမ်းခေါ်လိုက်ခြင်းဖြစ်သည် .
" ဟို Hyung ရဲ့ဖုန်းကိုလည်း စစ်ကြည့်ပေးပါဦး Minhyun Hyung များ တစ်ခုခုပြောထားလားလို့ "
" ဟေ ဘာလို့လဲ "
Jaemi လည်း ဖုန်းကိုထုတ် ပါဝါဖွင့်ရင်း နောက်ဆုံးခုံက Chanyeol ဆီ ကားအရှိန်ကြောင့် တယိုင်ယိုင်နဲ့ပဲလာလိုက်သည် .
" ကျွန်တော့်ဖုန်းက Baekhyun ဖုန်းကိုဆက်တော့ကျ မရလို့ "
ဖုန်းကိုအပြစ်တင်လိုက်ခြင်းဖြစ်သည် . အမေတို့ကိုဆက်တုန်းကတော့ ရတယ်မဟုတ်လား .
" မင်းကအကြားမြင်ရနေတာပဲ Chanyeol , ဒီမှာကြည့်ဦး "
Jaemi က သူ့ဖုန်းကို Chanyeol ဆီ ပြလိုက်သည် . နောက်ပြီး သူ့ဘက်ပြန်ယူပြီး Minhyun ဆီက ဒီလောက်များသော Miss call တွေကို စစ်ဖို့ စတင်လိုက်သည် .
ဒူ.....ဒူ.....ဒူ......
" ဝင်တယ်မကိုင်ဘူးကွ ဒီကောင်ဘာလို့ ငါ့ဆီ မနည်းမနောခေါ်ထားတာလဲ မသိဘူး , စိတ်မပူနဲ့ Hyung ဆက်ပေးထားမယ် "
Chanyeol လည်း ခေါင်းသာ ငြိမ့်ပြလိုက်တော့သည် . ကိုယ့်ထက်အကြီးဆိုတော့ အတင်းလည်း မလုပ်ခိုင်းချင် . ကိုယ့်နေရာကိုယ် ပြန်ထိာင်နေလိုက်သော Jaemi ကိုသာ လှမ်းကြည့်နေမိတော့သည် .
ကားဆိုက်မယ့်နေရာရောက်ပြီး ကားပေါက်က ဆင်းတော့မှ Jaemi ဆီ ဖုန်းပြန်ဝင်လာပုံရတာမို့ Chanyeol အထုတ်တွေယူရင်းမှ Jaemi နား အပြေးလာခဲ့တော့သည် .
" ဟမ်! ငါလာခဲ့မယ် "
" ခဏနေရောက်မယ် မင်းစောင့်နေလိုက် "
YOU ARE READING
AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}
Fanfiction《 Unicode + Zawgyi 》 " Baekhyun က မောင့်ရဲ့ ပြည့်စုံခြင်းပဲ , မောင်ဆိုတဲ့ Chanyeol ရဲ့ ဒီဘဝလေးပြည့်စုံဖို့ Baekhyun က မရှိမဖြစ်လေး " " ကြယ်တွေကြွေမှ ငါ့ဆုတောင်းတွေပြည့်မယ်ဆို ငါဆုမတောင်းဘူး မောင် , အဲ့လိုပဲ မောင်တစ်ခုခုထိခိုက်သွားမှ ငါအ...