Baekhyun အိမ်ရောက်ရောက်ချင်း ဧည့်ခန်းက ထိုင်ခုံမှာ အငြိမ်လေးထိုင်နေရပြီး အကိုဖြစ်သူရဲ့ စူးစူးရဲရဲ စိုက်ကြည့်ခြင်းကို ခံနေရသည်မှာ ဘယ်နှမိနစ်ကြာသွားသည်မသိ
Baekhyun က Hyung ကို ချစ်တယ် ထိုနည်းတူ ကြောက်လည်းကြောက်ရ... Baekhyun ဖေဖေ မရှိတဲ့နောက်ပိုင်းကစလို့ အိမ်ကို ဦးစီးဦးဆောင်ပြုပေးနေသော Hyung ကို လေးလည်း လေးစားရပါသည်
" သားကြီး ညီလေးကို မဆူပါနဲ့ "
" အမေ သား ဘာမှတောင် မပြောရသေးဘူး "
" မင်းဘာမှမပြောတာတောင် ကလေးက ကြောက်နေပါပြီကွာ "
Jaemi Hyung က ဝင်ပြောသည် Jaemi Hyung က Baekhyun ရဲ့ အနီးကပ်ဆရာဝန်လို့ပြောလို့ရသည် Hyung ရဲ့ သူငယ်ချင်းလည်းဖြစ်တော့ ရင်းနှီးသည် ဒီရက်တွေထဲ Baekhyun ကို လိုက်ပို့လိုက်ကြိုလုပ်ပေးသည်အထိ အရင်ကထက် ပို၍အနီးကပ်စောင့်ကြည့်ပေးလာသည်
ပုံမှန်ဆို ဆေးစစ်ရမယ့်နေ့တွေနဲ့ Baekhyun နှလုံးအောင့်တာတို့ မောလာတာတို့ဆိုမှ အိမ်ကိုလာတတ်ပေမယ့် အခုရက်ပိုင်းတော့ ဘာလို့ရယ်မသိ အနားမှာတစ်ချိန်လုံးကို ရှိပေးနေတော့သည်
" မင်းလည်း သူ့ကိုကာပေးနေ , မင်းက သူ့ဆရာဝန်ဆိုတာလည်း သိထားဦး "
" ငါသိပါတယ် မင်းအဲ့လိုတွေလုပ်မှ ကလေးက ပိုလန့်ပြီး ပိုဆိုးလာမယ်လေ မင်းမသိလို့လား "
" ဟို ကျွန်တော်တောင်းပန်ပါတယ် Hyung တို့ မေမေ တို့ "
" ဘာအခုမှ တောင်းပန်တာလဲ ဒီနေ့က မင်းဆေးစစ်ရမယ် ဆိုတာမသိဘူးလား နောက်ပြီး ဆေးစစ်ရမှာကို အမြဲ ကွေ့ပတ်နေတတ်တဲ့ မင်းအကြောင်းကိုသိတယ် အခုလိုကျ ဆေးမစစ်တဲ့အပြင် မသွားရဘူးဆိုတဲ့နေရာတွေထိပါ သွားတတ်နေပြီ တော်တော်ကို တော်တော်ကို......."
" ..... "
" တော်တော်ကို သေချင်နေတာလား Baekhyun "
" သားကြီး! "
" MinHyun! "
" .... "
YOU ARE READING
AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}
Fanfic《 Unicode + Zawgyi 》 " Baekhyun က မောင့်ရဲ့ ပြည့်စုံခြင်းပဲ , မောင်ဆိုတဲ့ Chanyeol ရဲ့ ဒီဘဝလေးပြည့်စုံဖို့ Baekhyun က မရှိမဖြစ်လေး " " ကြယ်တွေကြွေမှ ငါ့ဆုတောင်းတွေပြည့်မယ်ဆို ငါဆုမတောင်းဘူး မောင် , အဲ့လိုပဲ မောင်တစ်ခုခုထိခိုက်သွားမှ ငါအ...