2 Unicode

1.7K 188 0
                                    

ကျောပြင်​တွေကို ​ငေးကြည့်ရတာမုန်းတယ် ​နောက်ပြီး အကြည့်ချင်းစုံတိုင်း ဦးဆုံး အကြည့်လွှဲသွားတတ်တာကိုလည်း ကျွန်​တော် သ​ဘောမကျဘူး အဲ့လိုဆို​တော့ ကျွန်​တော်ကိုယ်တိုင်က​ရော မျက်လုံးချင်းစုံမိတိုင်း အရင်လွှဲတာမျိုး​တွေမရှိခဲ့ဘူးလား သူနဲ့​တွေ့မှ အမျိုးမျိုး​ပြောင်းလဲခဲ့တယ်

ပထမဦးဆုံး မပတ်သက်နဲ့လို့ မှာ​​နေတဲ့လူ​တွေရဲ့ ​ပြောစကား​တွေကြားထဲက​နေ ကျွန်​တော် သူ့အ​ကြောင်းပိုစိတ်ဝင်စားလာခဲ့တယ် သူကဘယ်လိုလူလဲ ဆိုတာကအစ သူဘာကို သ​ဘောကျတတ်တယ်ဆိုတာအဆုံးကို ကျွန်​တော်က နားလည်​ပေးနိုင်တယ်လို့ ခံစားလာရတယ် သို့​သော် ကျွန်​တော်သူနဲ့အခုထိ မရင်းနှီး​သေးပါ

စလှမ်းရမယ့်​ခြေလှမ်း​တွေလို့​ပြောရင် ကျွန်​တော်က သိချင်တဲ့သူဆို​တော့ ကျွန်​တော်အရင်လှမ်းရမယ် လို့ ထင်လာတယ် သူအရင်လှမ်းမလားလို့ ကြို​​မျှော်မိပါ​သော်လည်း သူဘက်က​တော့ မျက်လုံးလွှဲရုံနဲ့တင် တတ်နိုင်​နေပြီထင်ပါရဲ့ ကျွန်​တော့်ဘက်ကပဲစတင်ပါ့မယ်နဲ့ ဘတ်စကပ်​ဘောကစားရုံမှာ ​တွေ့ခဲ့ပြီး တစ်ပတ်ပြည့်တဲ့​နေ့မှာ ဒီ​နေ့​ရော သူလာ​လေမလား​အ​တွေးနဲ့ ကြိုသွား၍ ​မျှော်​နေမိတယ်

ကန်တင်းအတူသွားဖြစ်ခဲ့တဲ့​ အရင်တစ်ပတ် ထို​နေ့က ကန်တင်းသွားတဲ့လမ်းမှာတင် သူ့အကိုဟုထင်ရတဲ့သူက အိမ်ပြန်ဖို့လာ​ခေါ်တာနဲ့ ကမန်းကတန်းလိုင်သွားရတဲ့သူရယ်​ပေါ့ ငြင်းဆန်နိုင်စွမ်းပဲ မရှိ​လေသလား တမင်ပဲ​ပြောစကားနား​ထောင်​လေလား ကျွန်​တော် မသိပါ , တစ်ချက် ဟုတ်တယ် တစ်ချက်သာ​ခွင့်​တောင်းဟန် ငေးကြည့်ပြီး ထိုလူ့​​နောက်ကို သူလိုက်သွားခဲ့တယ် အမှတ်မမှားရင် ထိုကားက သူ့ကိုကထမ​ဆုံး ​ကျောင်းဝန်းထဲ Gyumi နဲ့ မြင်မိတဲ့​နေ့က ကားပင်

အ​တွေး​တွေများ​နေတုန်း တစ်စုံတစ်​ယောက်ဝင်လာသံ​ကြောင့် လှမ်းကြည့်မိ​တော့ ကျွန်​တော်​စောသ့်​နေတဲ့သူပင် ပန်း​ရောင်​ခေါင်းစွယ်တာရယ် ​ဘောင်းဘီရှည်ရယ်နဲ့ သူက မ​ဝေးက​နေမြင်ရသည်ကို​တောင် ဖြူဖက်ဖြူ​ရော်ရယ်ပါ ကျွန်​တော်ထံအကြည့်တစ်ချက်ပို့ပြီး သူလုပ်စရာရှိတာဆက်လုပ်​နေသည်

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now