Extra 1 Unicode

1.2K 115 1
                                    

မနက်ခင်း​နေ​ရောင်ခြည်နဲ့အတူ Chanyeol မျက်လုံးတို့တဖြည်းဖြည်းပွင့်လာခဲ့သည် . ရင်ခွင်ထဲက နူးနူးညံညံအထိအ​တွေ့​လေးနဲ့အတူ ခပ်​မွှေး​မွှေး​​ပျော့​​​ပျော့​ပြောင်း​ပြောင်း ​ရွှေအို​ရောင်ဆံသား​လေး​တွေနဲ့ လူသား​​လေးဆီ အကြည့်ပို့မိသည် .

Over size Pajama အပြာရင့်​ရောင်ထဲမြုပ်​​နေခြင်းအပြင် Chanyeol ရင်ခွင်ထဲကိုပါ အတင်းထိကပ်တိုးဝင်​ဖက်ထားနေသာ Baekhyun ကို Chanyeol လည်းအသာ​မွှေးကြူရင်း ပြန်ဖတ်ထားလိုက်သည် . ကိုယ်ကအရင်နိုးလာ​ပေမယ့်လည်း ဒီလူသား​လေးကိုရင်ခွင်ထဲထည့်ဖက်ထားရခြင်းကို Crazy ဖြစ်မိတာ​ကြောင့် US မှာကတည်းက အရင်သာ နိုးမည် , အရင်​တော့ မ ထ ဖြစ် .

လက်ထပ်ယူပြီးသိပ်မကြာခင်မှာပဲ Chanyeol ရဲ့ ပြည်ပကို ပညာ​တော်သင်ထွက်ဖို့ကိစ္စကဖြစ်လည​တော့ မခွဲနိုင်ပါဘူးဆို​သော စကားဖြင့်အပါ​ခေါ်​သော​ကြောင့် Baekhyun ပါ US ကိုလိုက်သွားခဲ့​ရ​တော့သည် . ၂ နှစ်ဆိုတဲ့ကာလအတွင်း နှစ်​ယောက်အတူ ကိုရီးယား​မြေကို ပြန်လာဖြစ်သည်က Chanyeol အမ မင်္ဂလာဆောင်ရယ် ​ဘေဘီ​လေး​မွေးတုန်းကရယ်သာဖြစ်သည် .

တင်း​တောင်! တင်း​တောင်! တင်း​တောင်!

မရပ်မနားမြည်လာ​သော အိမ်ရဲ့ဘဲသံ​ကြောင့် Chanyeol မျက်​မှောင်ကုတ်မိသည် . ​စော​စောစီးစီးဘယ်သူလဲ . အဲ့လိုတီး​နေပုံနဲ့ဆို ​မောင့် Baekhyun ​တော့နိုးသွား​တော့မှာပဲ . အချိန်ဆွဲမ​နေ​တော့ပဲ အိပ်ရာက​သာထလို့ အိမ်​ရှေ့ဆီ​ပြေးရ​တော့သည် .

" ပါပါး ပါပါး ပါပါး "

အိမ်ရှေ့တံခါးဖွင့်ပေးလိုက်တာနဲ့ တစ်ပါတည်း ပါး​နေ​သော တူမဖြစ်သူကို တားချိန်​တောင်မရလိုက် တလှုပ်ဖြင့် အတင်း​ပြေးဝင်​တော့သည် . ​

" ဟဲ့ ဟဲ့ "

" ဟဲ့မ​နေနဲ့ မ​နေ့ညကတည်းက ငါ့ကိုပို့ခိုင်း​နေတာ "

" နိုးသွားတော့မှာပဲပင်ပန်းသွားလို့ အိပ်​နေပါတယ်ဆို "

အိမ်ထဲဝင်ရင်းက​နေမှ ​မောင်နှမနှစ်​ယောက်စကားပြောဖြစ်သည် .

" လုပ်ချင်ရာလုပ်ထား​တော့ ငါလိုက်သွားဦးမယ် ဖယ်ဖယ် "

​ပြောပြီး အမဖြစ်သူကိုထားခဲ့​တော့သည် . Yoora က ထမင်းဟင်းအတွက် တစ်ခါတစ်​လေလာလုပ်​ပေးတတ်သလို အခုလိုမိုးလင်းအ​စောပိုင်း​ရောက်ချလာပြီး မနက်စာလည်းလုပ်​ပေးတတ်​သေးသည် . အ​ကြောင်းက​တော့ အခုမှ မိခင်​မြေပြန်​ရောက်လာ​သော ​မောင်​လေး​တွေကို ဒီ​မြေက​နေ ထက်မထွက်သွား​အောင်လို့​တော့​ပြောသည် .

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now